ဓါးဦးချွန် နဲ့ လိုင်စင်မဲ့ယာဉ် ဖမ်းမိ

မော်တော်ယာဉ်(၁)စီးဖြင့် မသင်္ကာတွေ့ရှိသူအား စစ်ဆေးရာ ဓါးဦးချွန်(၁)ချောင်းတွေ့ရှိပြီး လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စိစစ်သိရှိရသဖြင့် အရေးယူ

ရန်ကန်၊ နိုဝင်ဘာ ၂၈

၂၄.၁၁.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် လှိုင်မြို့နယ်အတွင်း နယ်မြေ သတင်း စုံစမ်းစဉ် လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်၊ သီရိမြိုင်(၄)လမ်း၌ 9G---- နံပါတ်တပ်ဆင်ထားသော FORESTER-XT အမျိုးအစား မော်တော်ယာဉ်ဖြင့် မသင်္ကာတွေ့ရှိသူ လှိုင်မြို့နယ်နေ ကိုအောင်ဆန်းဦး၊ (၄၇)နှစ်အား စစ်ဆေးရှာဖွေရာ ၎င်း၏ယာဉ်နောက်ခန်း အတွင်းရှိ လက်ဆွဲအိတ်အတွင်းမှ အရိုးအသွား (၁၃)လက်မခန့်ရှိ သံရိုးတပ်ဓါးဦးချွန်(၁)ချောင်းကိုတွေ့ရှိသိမ်းဆည်းရမိသဖြင့် ၎င်းကို လှိုင်မြို့မရဲစခန်း(ပ)၆၀၆/ ၂၀၁၄၊ လက်နက်ဥပဒေပုဒ်မ ၁၉(င)ဖြင့် အမှုဖွင့် အရေးယူခဲ့ပါသည်။

၎င်းစီးနင်းအသုံးပြုသော 9G ---- နံပါတ်တပ်ဆင်ထားသော မော်တော်ယာဉ်အား စိစစ်ဆောင်ရွက်ခဲ့ရာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်း မရှိသည့် လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စိစစ်သိရှိရသဖြင့် သိမ်းဆည်းပြီး လှိုင်မြို့မရဲစခန်း(ပ)၆၁၀/၂၀၁၄၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် ထပ်မံအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


ဓါးဦးချွန် နဲ့ လိုင်စင်မဲ့ယာဉ် ဖမ်းမိ ဓါးဦးချွန် နဲ့ လိုင်စင်မဲ့ယာဉ် ဖမ်းမိ Reviewed by သစ်ထူးလွင် on 15:56 Rating: 5
Powered by Blogger.