ရထားလမ်းကူးနေရာ၌ ရထားနှင့် ဆိုင်ကယ်တို့ တိုက်မိသဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၁၃

၁၂.၁၁.၂၀၁၄ ရက်နေ့ ၂၁၅၀ အချိန်တွင် တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်ရှိ ရန်ကုန်-ပြည်ရထား လမ်းကူးနေရာတွင် ရထားနှင့် ဆိုင်ကယ်တို့ တိုက်မိမှု ဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ အမှတ်(၇၀)အစုန် လော်ကယ်ရထားသည် သာရဝေါမှ ရန်ကုန်ဘက်သို့ မောင်းနှင်လာစဉ် အဆိုပါနေရာအရောက် တိုက်ကြီးမြို့နယ်နေ ကိုချစ်စန်းဦး၊ (၂၆)နှစ်မောင်းနှင်ပြီး ကိုချစ်စန်းကို၊ (၂၅)နှစ်တို့ လိုက်ပါစီးနင်းလာသည့် ဆိုင်ကယ်မှ ရထားလမ်းကူးအား ဖြတ်သန်းမောင်းနှင်ခဲ့ရာမှ တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ထိုသို့တိုက်မိမှုကြောင့် ကိုချစ်စန်းဦးမှာ ဦးခေါင်းကွဲ၊ နားသွေးထွက် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ တွင် သေဆုံးသွားပြီး ကိုချစ်စန်းကိုတွင် ဦးခေါင်းနှင့် ၀ဲမျက်ခုံးကွဲ ဒဏ်ရာများ ရရှိခဲ့သဖြင့် တိုက်ကြီး မြို့နယ်ဆေးရုံတွင် အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် တက်ရောက် ကုသခဲ့ရပါသည်။

ယင်းသို့ဖြစ်ပွား ခဲ့သည့် အတွက် ဆိုင်ကယ် မဆင်မခြင်မောင်းနှင်သူ ကိုချစ်စန်းဦး (သေဆုံး)အား အရေးယူပေးရန် တိုက်ကြီးမြို့ မီးရထား ဘူတာရုံပိုင်ကြီးမှ တိုင်တန်းချက်အရ တိုက်ကြီးမြို့မရဲစခန်း (ပ)၄၈၄/၂၀၁၄၊ မီးရထားအက်ဥပဒေ ပုဒ်မ-၁၂၉ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice?fref=nf


ရထားလမ်းကူးနေရာ၌ ရထားနှင့် ဆိုင်ကယ်တို့ တိုက်မိသဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ ရထားလမ်းကူးနေရာ၌ ရထားနှင့် ဆိုင်ကယ်တို့ တိုက်မိသဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 12:40 Rating: 5
Powered by Blogger.