သမ္မတ အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည် ပူးတွဲသတင်းစာရှင်းလင်း

ဒီနေ့ နေ့လယ် ၁၂ နာရီခွဲမှာ အမေရိကန်သမ္မတ ဘားရက်အိုဘားမားနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။

နှစ်ဖက်ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေမှာ အမေရိကန်နိုင်ငံ အနေနဲ့ ဘယ်လိုဆက်လက် ကူညီသွားနိုင်မယ်ဆိုတာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီ့မှာ တရားဥပဒေ စိုးမိုးရေး၊ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲဖို့ စတဲ့အချက်တွေကို အကျယ်တဝင့် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

Photo: Myo Zaw Ko/RFA





သမ္မတ အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည် ပူးတွဲသတင်းစာရှင်းလင်း သမ္မတ အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည် ပူးတွဲသတင်းစာရှင်းလင်း Reviewed by သစ်ထူးလွင် on 16:50 Rating: 5
Powered by Blogger.