မယ်ကမ္ဘာပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ဟွန်ဒူးရပ်စ်အလှမယ် ပျောက်ဆုံးနေ

မယ်ကမ္ဘာပြိုင်ပွဲ ဝင်ပြိုင်ဖို့ လန်ဒန်ကို ခရီးမထွက်မီ နိုဝင်ဘာ ၁၃ ရက်နေ့ကတည်းက ပျောက်နေတဲ့ ဟွန်ဒူးရပ်စ်အလှမယ်အတွက် စိုးရိမ်မှုတွေ တိုးနေပါတယ်။

ဟွန်ဒူးရပ်စ်အလှမယ် မာရီယာ ဟိုဆေး အယ်လ်ဗာရာဒို ဟာ ရာဇဝတ်ဂိုဏ်းတွေ ထိန်းချုပ်ထားတဲ့ ဟွန်ဒူးရပ်စ် အနောက်ပိုင်းစန်တာ ဘာဘာရာဒေသတွင်းမှာ သူ ညီမနဲ့အတူ ပျောက်ဆုံးခဲ့တာပါ။

သူအမေကတော့ သမီး ၂ ယောက်ကို ဖမ်းထားတဲ့သူတွေ လွှတ်ပေးဖို့ အသနားခံခဲ့ပါ တယ်။ သူတို့ ညီအမပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ရဲတွေက လူ ၄ ယောက်ကို စစ်မေးခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် မယ်ကမ္ဘာပြိုင်ပွဲဝင်ဟာ သူညီမနဲ့ အတူ ပါတီတခုက အပြန် ကားလိုင်စင်ပြား မပါတဲ့ ကားတစီးနဲ့ ထွက်သွားတာ နောက်ဆုံးမြင်ခဲ့တယ်လို့ ဒေသခံရုပ်သံက ဆိုပါတယ်။

အလှမယ်အတွက် ပထမဆုံးပွဲစဉ်က နိုဝင်ဘာ ၂၂ ရက်နေ့မှာ စမှာပါ။ နိုဝင်ဘာ ၁၉ ရက်နေ့မှာမှ အချိန်မီ မတွေ့ခဲ့ရင် မယ်ကမ္ဘာပြိုင်ပွဲ ကိုယ်စားပြုမှုကို ဟွန်ဒူးရပ်စ်နိုင်ငံက ရုပ်သိမ်းမှာ ဖြစ်ပါတယ်။ ဟွန်ဒူးရပ်စ်နိုင်ငံဟာ ကမ္ဘာ့လူသတ်မှု အမြင့်ဆုံးနိုင်ငံတွေထဲက တနိုင်ငံပါ။

လူအယောက် ၁ သိန်းမှာ အယောက် ၉၀ အသတ်ခံရလေ့ရှိပြီး ဗင်နီဇွဲလား၊ ဘေလိုက်ဇ်နဲ့ အယ်လ်ဆာဗေဒိုနိုင်ငံတွေရဲ့ လူသတ်မှုနှုန်းထက် ၂ ဆ ရှိပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ အလယ်အမေရိက နိုင်ငံဟွန်ဒူးရပ်စ် အထဲကို မက်ဆီကိုမူးယစ်ဂိုဏ်းတွေ လတ်တလောနှစ်တွေအတွင်း နယ်ချဲ့ ခဲ့တာပါ။

တောင်အမေရိကက ကိုကင်းတွေ အမေရိကန်နိုင်ငံဆီ တင်ပို့ ကုန်ကူးခဲ့လို့ အကြမ်းဖက်မှု တွေ ပိုတိုးလာခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/71419


မယ်ကမ္ဘာပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ဟွန်ဒူးရပ်စ်အလှမယ် ပျောက်ဆုံးနေ မယ်ကမ္ဘာပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ဟွန်ဒူးရပ်စ်အလှမယ် ပျောက်ဆုံးနေ Reviewed by သစ်ထူးလွင် on 16:57 Rating: 5
Powered by Blogger.