မြန်မာလူငယ်နှစ်ဦး အာမခံရရှိရေး သံရုံးအထူးအဖွဲ့ တောင်းဆိုမည်

ထိုင်းနိုင်ငံမှာ ခိုတောင်းကျွန်း လူသတ်မှုနဲ့ ဖမ်းဆီး ခံထားရတဲ့ မြန်မာ အလုပ်သမာ နှစ်ဦးကို မနက်ဖြန် Koh Samuei ခရိုင်တရားရုံးမှာ အာမခံပေးဖို့ တင်ပြသွားမှာ ဖြစ်တယ်လို့ မြန်မာသံရုံး အထူးအဖွဲ့က ပြောပါတယ်။

အမှုစစ်ဆေး နေစဉ်ကာလမှာ အလုပ်သမား ၂ဦးကို အချုပ်အနှောင်နဲ့ မထားဘဲ တရားရှင်လွှတ်ပေးဖို့ တောင်းဆိုသွားမှာ ဖြစ်တယ်လို့ အမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ မြန်မာသံရုံး အထူးအဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

"ကျနော်တို့က နက်ဖြန်ခါ ၂ ချက်ရှိပါတယ်၊ ၁ ချက်ကတော့ စတုတ္ထမြောက်ရမန်ပြည့်ပြီးတာကြောင့်မို့ ပဉ္စမမြောက်ရမန်တောင်းရင်တောင်းမယ်၊ အဲ့ဒီလို ရမန်မတောင်းဘူးဆိုရင်လည်း ကျနော်တို့ တရားရုံးကိုအမှုတွဲ တင်ရမှာပါ၊ ကျနော်တို့ကတော့ ကလေးတွေကို အချုပ်အနှောင်ထဲထည့်မထားဖို့ဆိုတာကို တင်ပြဖို့အတွက် ကြိုတင်စီစဉ်နေပါတယ်"

ထိုင်းနိုင်ငံဥပဒေအရ အမှုတည်ဆောက်ဖို့အတွက် ရမန် ၇ ကြိမ်ယူခွင့်ရှိပြီး အဲ့ဒီကာလအတွင်း အမှုမတင်နိုင်ပါက တရားသေအဖြစ် တရားခံကို အပြီးလွှတ်ပေးရမှာ ဖြစ်ပါတယ်။

မနက်ဖြန်တရားရုံးချိန်းအတွက် မြန်မာသံရုံးအထူးအဖွဲ့နဲ့ ရှေ့နေများကောင်စီက မြန်မာအလုပ်သမား ၂ဦးကို ဒီနေ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


မြန်မာလူငယ်နှစ်ဦး အာမခံရရှိရေး သံရုံးအထူးအဖွဲ့ တောင်းဆိုမည် မြန်မာလူငယ်နှစ်ဦး အာမခံရရှိရေး သံရုံးအထူးအဖွဲ့ တောင်းဆိုမည် Reviewed by သစ်ထူးလွင် on 06:01 Rating: 5
Powered by Blogger.