ဆိုင်ကယ်မောင်းနှင်လာသော အမျိုးသမီး ၀န်ထမ်းနှစ်ဦး ၏ ပစ္စည်းလုယက်ခံရ

လားရှိုး ၊ ၂၀-၁၁-၂၀၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ဒုတိယ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး မှ ဝန်ထမ်း အမျိုးသမီး နှစ်ဦး ဆိုင်ကယ်စီး၍ အိမ်ပြန်လာစဉ် အမျိုးသား နှစ်ဦး ဆိုင်ကယ်ဖြင့် နောက်မှ လိုက်၍ လက်ဆွဲအိတ် ကို လုယက်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၈ ရက် ည ၇ နာရီခွဲချိန် တွင် ဒုတိယ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး မှ ဝန်ထမ်းနှစ်ဦး ဖြစ်သူ ဒေါ်သင်းသင်းလှိုင် မောင်းနှင်လျက် ဒေါ်လူလောမ်ရိုင်း ဆိုသူသည် နောက်မှ လိုက်ပါစီးနင်း လာပြီး ရပ်ကွက် (၁၂) ရှိနေအိမ်သို့ ပြန်လာစဉ် ရပ်ကွက် (၂) ၊ သိန်းနီလမ်း၊ ချယ်ရီ တည်းခိုခန်းရှေ့ အရောက်တွင် နောက်မှ ဆိုင်ကယ် တစ်စီးဖြင့် လူနှစ်ဦး လိုက်လာပြီး ဒေါ်လူလောမ်ရိုင်း ကိုင်ထား သော အိတ်အား လုယူ ထွက်ပြေး သွားခဲ့ရာ အမျိုးသမီးနှစ်ဦး ၏ ဆိုင်ကယ်မှာ တိမ်းမှောက် သွားခဲ့ပြီး နှစ်ဦးစလုံး ပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့သည်။

လုယူခံရသော အိတ်အတွင်း၌ လက်ကိုင်ဖုန်း တစ်လုံး၊ မြန်မာ့ စီးပွားရေးဘဏ် ငွေစုစာအုပ်၊ ဧရာဝတီဘဏ် ငွေစုစာအုပ်၊ ငွေစုငွေချေး အသင်း ငွေစုစာအုပ်၊ နိုင်ငံသား စိစစ်ရေးကတ်၊ ငွေကျပ် ၄၁ဝဝဝ နှင့် စာရွက်စာတမ်းများ ပါသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လက်ဆွဲအိတ်အား လုယူထွက်ပြေး သွားသည့် အမည်မသိ အမျိုးသား နှစ်ဦးအား လားရှိုးမြို့မ ရဲစခန်းက (ပ) ၃၅ဝ/ ၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၈၂ အရ အမှုဖွင့်၍ အရေးယူ စုံစမ်းလျက် ရှိကြောင်း သိရှိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/11/blog-post_88.html


ဆိုင်ကယ်မောင်းနှင်လာသော အမျိုးသမီး ၀န်ထမ်းနှစ်ဦး ၏ ပစ္စည်းလုယက်ခံရ ဆိုင်ကယ်မောင်းနှင်လာသော အမျိုးသမီး ၀န်ထမ်းနှစ်ဦး ၏ ပစ္စည်းလုယက်ခံရ Reviewed by သစ်ထူးလွင် on 12:12 Rating: 5
Powered by Blogger.