သံဃာတော် ယောင်ဆောင်၍ ရွှေတိဂုံ စေတီတော်သို့ အလှူခံရန် ရောက်ရှိ လာသူအား အရေးယူ

ရန်ကုန်၊ နိုဝင်ဘာ ၁၇

၁၇.၁၁.၂၀၁၄ ရက်နေ့ ၀၃၂၀ အချိန်တွင် ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံ စေတီ တော်မြောက် ဘက် ယာဉ်ရပ်နား စခန်း အနီးတွင် မသင်္ကာဖွယ် သံဃာတစ်ပါးတွေ့ရှိကြောင်း သတင်းအရ ရွှေတိဂုံစေတီတော်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ၊ ရွှေတိဂုံ စေတီတော် စောင့်ရှောက်ရေး ဆရာတော်နှင့်အဖွဲ့တို့မှ ၎င်းသံဃာအားခေါ်ယူစိစစ်ခဲ့ရာ ဥူးကေသ၀(ခ)ဦးခိုင်လင်း၊ (၃၄)နှစ်၊ သာသနာဝင် အမှတ်-မရှိ၊ သုံးခွအနောက်ကျေးရွာ၊ ကွမ်းခြံကုန်းမြို့နယ် နေသူဖြစ်ကြောင်းနှင့် စေတီတော်တွင် အလှူခံရန် ရောက်ရှိလာသည့် သံဃာအတုဖြစ်ကြောင်း သိရှိရပါသည်။

၎င်း ဥူးကေသ၀(ခ)ဦးခိုင်လင်းအား စေတီတော် စောင့်ရှောက်ရေး ဆရာတော်မှ သိက္ခာချ လူဝတ်လဲ ပေးခဲ့ပြီး ဒဂုံမြို့မ ရဲစခန်းသို့ ပို့အပ်ခဲ့၍ စစ်ဆေးဆောင်ရွက်ကာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice?fref=nf


သံဃာတော် ယောင်ဆောင်၍ ရွှေတိဂုံ စေတီတော်သို့ အလှူခံရန် ရောက်ရှိ လာသူအား အရေးယူ သံဃာတော် ယောင်ဆောင်၍ ရွှေတိဂုံ စေတီတော်သို့ အလှူခံရန် ရောက်ရှိ လာသူအား အရေးယူ Reviewed by သစ်ထူးလွင် on 21:09 Rating: 5
Powered by Blogger.