ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းမှ ဓါးကိုင်ရမ်းကား နေသူအား ဖမ်းဆီး အရေး

ရန်ကုန်၊ နိုဝင်ဘာ ၃၀

၂၈.၁၁.၂၀၁၄ ရက်နေ့ ၁၂၀၀အချိန်ခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း လှည့်ကင်း တာဝန် ဆောင်ရွက်နေစဉ် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၇၁)ရပ်ကွက်၊ ဗိုလ်မင်းရောင်(၁)လမ်းပေါ်တွင် အမျိုးသားတစ်ဦး ဓါးကိုင်ရမ်းကား နေကြောင်း သတင်းအရ သွားဖမ်းဆီးခဲ့ပါသည်။

အဆိုပါနေရာတွင် ဓါးကိုင်ရမ်းကားနေသူမှာ ၎င်းရပ်ကွက်နေ ကျွဲကြီး(ခ)၀င်းကို၊ (၂၃)နှစ်ဖြစ်ပြီး ၎င်းထံမှ အရိုးအသွား(၁၄)လက်မခန့်ရှိ သုံးမြှောင်ချွန်စကေဘာ (၁)ချောင်းနှင့် အရိုးအသွား(၂၁)လက်မခန့်ရှိ သတ္တုရိုးတတ်ငှက်ကြီးတောင်ဓါးရှည်(၁)ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ပါသည်။

ယင်းသို့ဓါးကိုင်ရမ်းကားနေသူ ကျွဲကြီး(ခ)၀င်းကိုအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မ၏ ရဲစခန်း (ပ) ၁၁၀၄/၂၀၁၄၊ လက်နက်ဥပဒေပုဒ်မ၁၉(င)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းမှ ဓါးကိုင်ရမ်းကား နေသူအား ဖမ်းဆီး အရေး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းမှ ဓါးကိုင်ရမ်းကား နေသူအား ဖမ်းဆီး အရေး Reviewed by သစ်ထူးလွင် on 22:41 Rating: 5
Powered by Blogger.