၆ပွင့်ဆိုင် ဆွေးနွေးရေးဟာ ဖွဲ့စည်းပုံ ပြင်ရေး အတွက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

ပြည်ထောင်စု လွှတ်တော် ကနေ အတည်ပြု ခဲ့တဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးရေး ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင် ပြောင်းလဲရေး အကြောင်း ဆွေးနွေးဖို့ ဖြစ်တယ် လို့ သူ့အနေနဲ့ နားလည်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။

လက်ရှိ ဖွဲ့စည်းပုံ ကို ပြင်ဆင် နိုင်ဖို့ရာ အခြေခံ အကျဆုံး ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ လိုအပ်ကြောင်းကို လွှတ်တော်ထဲက အရွေးကောက်ခံ အမတ် အတော် များများက လက်ခံ လာကြပြီ လို့ အောက်တိုဘာ ၂၇ ရက်နေ့က ပြုလုပ် ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ပါတယ်။

လက်ရှိ ဖွဲ့စည်းပုံ အရ တော့ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး မှာ တပ်မတော်သား ၂၅ % ထဲကလည်း သဘောတူမှ ရမှာ ဖြစ်တဲ့ အတွက်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချူပ် ရဲ့ သဘောထားက အရေးကြီးတယ် ဆိုတဲ့ အခြေအနေ ဟာလည်း အခြေအနေ အဖြစ်မှန် ဖြစ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆိုပါတယ်။

ပုဒ်မ ၄၃၆ အပြင် သမ္မတ ဆိုင်ရာ အရည်အချင်း သတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံပါ ၅၉ (စ) ကို တပ်မတော် အနေနဲ့ မပြင်ဆင် လိုတဲ့ သဘောထားနဲ့ ပတ်သက်ပြီး တပ်မတော် ဘက်က စိုးရိမ်နေတဲ့ အချက်တွေ အပေါ် ဆွေးနွေး သွားလိုကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေး အခြေအနေ နဲ့ ပတ်သက်လို့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ရသွားနိုင်မယ် ဆိုရင် အကောင်းဆုံး ဖြစ်ပမယ့်၊ အဲဒီ့လောက် စိတ်ကူးယဉ်လို့ မရ နိုင်သေးဘူး ဆိုပြီး လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ် အပေါ် ဒေါ်အောင်ဆန်းစုကြည် က သုံးသပ် ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/11/141127_dassk_presser_hexadialogue

တပ်မတော်ရဲ့ စိုးရိမ်မှုတွေ အပေါ် ဆွေးနွေး သွားလို ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော။

၆ပွင့်ဆိုင် ဆွေးနွေးရေးဟာ ဖွဲ့စည်းပုံ ပြင်ရေး အတွက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော ၆ပွင့်ဆိုင် ဆွေးနွေးရေးဟာ ဖွဲ့စည်းပုံ ပြင်ရေး အတွက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော Reviewed by သစ်ထူးလွင် on 09:04 Rating: 5
Powered by Blogger.