Royal ဧည့်ရိပ်သာအတွင်းအမေရိကန်နိုင်ငံသားတစ်ဦးသေဆုံး


မန္တလေး အောက်တိုဘာ ၁၈

မန္တလေးမြို့ အောင်မြေ သာစံမြို့နယ် ပြည်ကြီးကျက် သရေအနောက်ရပ်ကွက်ရှိRoyal Guest House တွင် ယခုလ ၁၆ ရက် နံနက် ၉ နာရီခွဲက အမေရိကန်နိုင်ငံ သားတစ်ဦးသေဆုံးနေကြောင်း သတင်းအရ မြို့မရဲစခန်း အောင်မြေသာစံမှ ဒုရဲအုပ် ထွန်းဇော်နှင့်မန္တလေးတိုင်းဒေသ ကြီးမှ ရဲအုပ်ဇော်မြင့်ဦးနှင့်အဖွဲ့ သည် သွားရောက်စစ်ဆေး ရာတွင် သေဆုံးသူအမေရိကန်နိုင်ငံသားမှာ Mr.Che Snut Releje အသက်(၇၇)နှစ် ဖြစ်ကြောင်းသိရသည်။

ဟိုတယ်မန်နေဂျာဦးသန်းမြတ်သူ၏ ပြောပြချက်အရ အဆိုပါအမေရိကန်နိုင်ငံသားသည် စက်တင်ဘာ ၂၈ ရက်မှစ၍ အခန်းအမှတ်(၁ဝ၁)တွင် တည်းခိုနေထိုင်သူဖြစ်ကြောင်း၊ ၄င်းသည် ယခုလ ၁၅ရက် နံနက်ပိုင်းမှစ၍ ဝမ်းပျက်ဝမ်းလျှောရောဂါခံစားနေရကြောင်း၊ ယခုလ ၁၆ရက် နံနက် ၁နာရီတွင် အဆိုပါ အမေရိကန်နိုင်ငံသားသည် ဧည့်ခန်းမဆောင်တွင်လဲနေကြောင်း CCTV တွင်တွေ့ရှိရသဖြင့် မြို့မ ရဲစခန်း(အောင်မြေသာစံ)သို့ ဖုန်းဆက်အကြောင်းကြားခြင်းဖြစ်ကြောင်းသိရသဖြင့် အလောင်းကို မန္တလေးဆေးရုံသို့ပို့အပ်လျက် မြို့မရဲစခန်း(အောင်မြေသာစံ)က သေမှုသေခင်းအမှတ်စဉ် ၁၁/၂ဝ၁၄ ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

ကျော်မင်းသော်
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764


Royal ဧည့်ရိပ်သာအတွင်းအမေရိကန်နိုင်ငံသားတစ်ဦးသေဆုံး Royal ဧည့်ရိပ်သာအတွင်းအမေရိကန်နိုင်ငံသားတစ်ဦးသေဆုံး Reviewed by သစ်ထူးလွင် on 19:32 Rating: 5
Powered by Blogger.