Kurdishဆန္ဒပြသူနဲ့ တူရကီရဲအကြား ပဋိပက္ခဖြစ်၊ ၂၀ ကျော်သေ

တူရကီနိုင်ငံမှာ ​ဆန္ဒပြနေကြတဲ့ ​Kurdish ​လူမျိုးတွေနဲ့ ​တူရကီရဲတွေအကြား ​ပဋိပက္ခ ​ဖြစ်ပွားခဲ့ရာက ​အနည်းဆုံး ​လူ ​၂၁ ​ယောက် ​သေဆုံးခဲ့ရပါတယ်။

ဆီးရီးယားနိုင်ငံက ​Kurdish ​လူမျိုးတွေနေထိုင်တဲ့ ​ကိုဘာနီမြို့ကို ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေ ​ဝင်ရောက်တိုက်ခိုက်တာကို ​အိမ်နီးချင်း ​တူရကီအစိုးရက ​အကာအကွယ် ​မပေးတဲ့အပေါ် ​ဆန္ဒပြကြရာက ​လုံထိန်းရဲတွေနဲ့ ​ပဋိပက္ခဖြစ်ပြီး ​သေဆုံးခဲ့ရတာပါ။

တူရကီနိုင်ငံမှာ ​နေထိုင်ကြတဲ့ ​Kurdish ​လူမျိုးတွေက ​ကိုဘာနီမြို့ကို ​ကာကွယ်ပေးဖို့ ​တူရကီကို ​တောင်းဆိုတဲ့အနေနဲ့ ​Kurdish ​လူမျိုးတွေ ​နေထိုင်မှုများတဲ့ ​တူရကီ ​အရှေ့တောင်ပိုင်း၊ ​မြို့တော် ​အီစတန်ဘူလ်နဲ့ ​အန်ကာရာ ​မြို့တွေမှာ ​ဆန္ဒပြကြရာက ​ရဲတွေက ​မျက်ရည်ယှိုဗုံးတွေ၊ ​မီးသတ်ပိုက်တွေနဲ့ ​လူစုခွဲရာက ​ပဋိပက္ခဖြစ်ပွားခဲ့တာ ​ဖြစ်ပါတယ်။

အဲဒီလို ​ဖြစ်ပေါ်ပြီးနောက် ​ပြည်နယ်တချို့မှာ ​ကာဖြူးအမိန့်ချထားလိုက်ပါတယ်။

IS ​တပ်ဖွဲ့ရဲ့ ​လက်ထဲ ​ကိုဘာနီ ​မကျရောက်အောင် ​Kurdish ​တပ်တွေနဲ့ ​အမေရိကန် ​ဦးဆောင်တဲ့ ​မဟာမိတ်အဖွဲ့တွေက ​ကြိုးစားနေပြီး ​တူရကီနိုင်ငံကပါ ​ပါဝင်ဖို့ ​ဖိတ်ခေါ်ထားပါတယ်။

တူရကီကတော့ ​ဆီးရီးယားနိုင်ငံအတွင်းက ​ဆူနီမွတ်စလင် ​စစ်သွေးကြွအပါအဝင် ​သမ္မတ ​Bashar ​al-Assad ​ကိုပါ ​တိုက်ခိုက်ဖို့ ​အမေရိကန် ​သဘောတူမှသာ ​ပါဝင်နိုင်မယ်လို့ ​ပြောနေပါတယ်။

အမေရိကန်က ​မနေ့တုန်းက ​ကိုဘာနီမြို့မှာ ​ထိုးစစ်ဆင် ​တိုးမြှင့်လုပ်ဆောင်ခဲ့တဲ့အတွက် ​IS ​စစ်သွေးကြွဖက်က ​ထိုးစစ်ဆင်မှုတွေ ​ကျဆင်းလာပြီး ​တချို့နေရာမှာဆိုရင် ​IS ​ဘက်က ​တိုက်ခိုက်မှုတွေ ​ရပ်တန့်လိုက်တဲ့အထိ ​ဖြစ်ခဲ့တယ်လို့ ​အေဘီစီ ​သတင်းထောက် ​Hayden ​Cooper ​က ​ပြောပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-10-09/1377189

ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေ အသုံးပြုပြီး လူစုခွဲ (Credit: AFP) 

Kurdishဆန္ဒပြသူနဲ့ တူရကီရဲအကြား ပဋိပက္ခဖြစ်၊ ၂၀ ကျော်သေ Kurdishဆန္ဒပြသူနဲ့ တူရကီရဲအကြား ပဋိပက္ခဖြစ်၊ ၂၀ ကျော်သေ Reviewed by သစ်ထူးလွင် on 08:55 Rating: 5
Powered by Blogger.