ရှမ်းမြောက်တွင် တိုင်းရင်းသား ပူးပေါင်းတပ်များကို မြန်မာ့စစ်တပ်မှ ပြင်းထန်စွာ ထိုးစစ်ဆင်

၁၆ ရက် အောက်တိုဘာ ၂၀၁၄

ရှမ်းပြည်မြောက်ပိုင်း၊ တာမိုးညဲမြို့နယ်၊ လွယ်ကန်-ပန်ဖျက်ဒေသတွင် မြန်မာ့စစ်တပ်မှ တပ်မ (၉၉) နှင့် တပ်မ (၁၁)တို့မှ တိုင်းရင်းသားပူးပေါင်းတပ်များဖြစ်သော TNLA / KIA / MNDAA တို့အား
နံက် ၁၀ နာရီမှစပြီး ပြင်းထန်စွာ ထိုးစစ်ဆင် နေကြောင်း ရှေ့တန်းသတင်းအရသိရသည်။

မနက်ပိုင်း ၁၀း၂၀ မှ ၁၀း၅၀ တွင် မိနစ် သုံးဆယ်ခန့် တစ်ကြိမ်၊ နေ့လည်ပိုင်း ၁၂း၂၀ကျော် စပြီး ၁-နာရီဝန်းကျင်အထိ တစ်ကြိမ်၊ နေ့လည်ပိုင်း ၁၃း၅၀မှစပြီး ယခုသတင်းရေးသားအချိန်အထိ တစ်ကြိမ် အပြန်အလှန် ပစ်ခတ်နေကြဆဲဖြစ်သည်။              

နှစ်ဘက်ထိခိုက်မှု အခြေအနေကိုလည်း မသိရသေးပါ၊ နောက်ဆုံးဖြစ်ပေါ်သည့် သတင်းအခြေအနေများအား တင်ပြသွားပါမည်။

တိုက်ပွဲတွင်ပါဝင်သော တအန်းတပ်မှာ TNLA - ဗျူဟာ အမှတ် (၄) လက်အောက်ခံတပ်ရင်း- ၉၁၉ နှင့် တပ်ရင်း- ၄၄၇တို့ဖြစ်သည်။

အဆိုပါနေရာတွင် ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်တွင်လည်း နေ့လည် ၁၃း၃၀ မှ ညနေ ၁၇း၀၀ ကျော်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA


ရှမ်းမြောက်တွင် တိုင်းရင်းသား ပူးပေါင်းတပ်များကို မြန်မာ့စစ်တပ်မှ ပြင်းထန်စွာ ထိုးစစ်ဆင် ရှမ်းမြောက်တွင် တိုင်းရင်းသား ပူးပေါင်းတပ်များကို မြန်မာ့စစ်တပ်မှ ပြင်းထန်စွာ ထိုးစစ်ဆင် Reviewed by သစ်ထူးလွင် on 15:47 Rating: 5
Powered by Blogger.