ခေါင်းသေချာမပေါင်းလို့ အီရန်အမျိုးသမီးတွေ အက်ဆစ်ပက်ခံရ

အီရန်နိုင်ငံမှာ ​hijab ​ခေါင်းပေါင်း ​သေချာ ​မပေါင်းထားတဲ့ အတွက် ​အမျိုးသမီး ​လေးဦး ​အက်ဆစ်နဲ့ ​ပက်ခံရတယ် ​ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်ပြီးနောက် ​လုံခြုံရေးတွေ ​တိုးမြှင့်ချထားဖို့ ​ဆန္ဒပြသူတွေက ​တောင်းဆိုလိုက်ပါတယ်။

အမျိုးသမီးတချို့ ​အက်ဆစ်ပက်ခံ ရတယ်ဆိုတဲ့ ​သတင်းတွေကြောင့် ​အဲဒီလုပ်ရပ်ကို ​ဆန့်ကျင်တဲ့ အနေနဲ့ ​လူပေါင်း ​၁၀၀၀ ​လောက်က ​အီရန်နိုင်ငံ ​အလယ်ပိုင်း ​Isfahan ​မှာ ​ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက ​'Isfahan ​ဟာ ​ကျနော်တို့ရဲ့ ​နိုင်ငံ၊ ​လုံခြုံရေးဟာ ​ကျနော်တို့ရဲ့အခွင့်အရေး" ​ဆိုတဲ့ ​ဆောင်ပုဒ်တွေကိုင်ဆောင်ပြီး ​ဆန္ဒပြကြတာလို့ ​ဆိုပါတယ်။

အဲဒီမြို့ဟာ ​မြို့တော် ​Tehran ​မြို့နဲ့ ​ကီလိုမီတာ ​၄၅၀ ​အကွာမှာရှိပြီး ​ကမ္ဘာလှည့်ခရီးသည်တွေ ​အသွားအလာများတဲ့ ​ဒေသဖြစ်ပါတယ်။

၁၉၇၉ ​ခုနှစ်မှာ ​ထုတ်ပြန်တဲ့ ​အစ္စလာမ်မစ် ​ဥပဒေအရ ​အမျိုးသမီးတွေဟာ ​ပွယောင်းတဲ့ ​ဝတ်ရုံ ​chador ​နဲ့ ​hijab ​လို့ခေါ်တဲ့ ​ခေါင်း၊ ​လည်ပင်းနဲ့ ​ဆံပင်ကို ​ဖုန်းအုပ်ထားတဲ့ ​ခေါင်းပေါင်းကို ​ပေါင်းဖို့ ​ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ​ဒီနေ့ ​ခေတ်မှာတော့ ​အမျိုးသမီး ​အများစုက ​ကုတ်အကျီ ​င်္ ​အရှည်နဲ့ ​အလုံပိတ်မထားတဲ့ ​ခေါင်းပေါင်းကိုသာ ​ပေါင်းလာကြတာ ​ဖြစ်ပါတယ်။

အမျိုးသမီး ​ကားမောင်းသမားတွေအနေနဲ့ ​ကားတံခါးနဲ့ ​ပြတင်းပေါက်တွေကို ​အမြဲတမ်း ​ပိတ်ချထားဖို့လည်း ​တိုက်တွန်းနေကြပါတယ်။

အက်ဆက် ​ပက်ခံရတဲ့ ​အမျိုးသမီးတစ်ဦးကို ​အီရန် ​ကျန်းမာရေးဝန်ကြီးက ​သွားရောက် ​သတင်းမေးခဲ့ပါတယ်။

အဲဒီအမျိုးသမီးဟာ ​တက္ကသိုလ်ကျောင်းသူ ​ဖြစ်ပြီး ​ကားမောင်းနေတုန်း ​ဆိုင်ကယ်မောင်းနှင်လာတဲ့လူက ​သူ့ကို ​အက်ဆက်နဲ့ ​ပက်လိုက်တဲ့အတွက် ​ညာဘက်မျက်လုံး ​ကွယ်ခဲ့ရပါတယ်။

အဲဒီလို ​တိုက်ခိုက်မှုမျိုးဟာ ​ပါကစ္စတန်၊ ​အာဖဂန်နစ္စတန်နဲ့ ​အိန္ဒိယနိုင်ငံမှာလည်း ​ဖြစ်လေ့ဖြစ်ထ ​ရှိတယ်လို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-10-23/1382121

အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့ ဆန္ဒပြသူတွေ တောင်းဆို (Credit: AFP) 

ခေါင်းသေချာမပေါင်းလို့ အီရန်အမျိုးသမီးတွေ အက်ဆစ်ပက်ခံရ ခေါင်းသေချာမပေါင်းလို့ အီရန်အမျိုးသမီးတွေ အက်ဆစ်ပက်ခံရ Reviewed by သစ်ထူးလွင် on 07:48 Rating: 5
Powered by Blogger.