အမေရိကန်တပ်များကို တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် စစ်သွေးကြွမျးကို ဆော်ဒီ ပြစ်ဒဏ်ချမှတ်

ရီယက်ဒ် ၊ ၂၃-၁၀-၂၀၁၄

ကာတာ နှင့် ကူဝိတ်နိုင်ငံ အတွင်းရှိ အမေရိကန် တပ်များကို အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် စစ်သွေးကြွ အဖွဲ့မှ အဖွဲ့ဝင် ၁၃ ဦးကို ဆော်ဒီအာရေဗျ နိုင်ငံအတွင်း ရှိ တရားရုံး တစ်ခုက အောက်တိုဘာ ၂၁ ရက်တွင် ထောင်ဒဏ် ၁၈ လမှ ၃ဝ နှစ်အထိ ပြစ်ဒဏ် ချမှတ် ခဲ့ကြောင်း သိရသည်။

အယ်လ်ကိုင်ဒါ အဖွဲ့နှင့် ဆက်စပ် နေသည့် အဆိုပါ စစ်သွေးကြွ များသည် ကာတာနိုင်ငံရှိ အမေရိကန် တပ်များကို လက်ပစ်ဗုံး၊ ဒုံးကျည် နှင့် အခြား လက်နက်များဖြင့် တိုက်ခိုက်ရန် အကြမ်းဖက် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်း ခဲ့ကြောင်း တရားရုံးက ထုတ်ပြန် ခဲ့သည်။

အဆိုပါ အဖွဲ့တွင် အာဖဂန် တစ်ဦး၊ ကာတာ နိုင်ငံသားတစ်ဦး နှင့် ဆော်ဒီ နိုင်ငံသား ၁၁ ဦး ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ၄င်းတို့သည် ကူဝိတ် နိုင်ငံအတွင်းရှိ အမေရိကန်တပ် များကို တိုက်ခိုက်ရန် စီစဉ်ခဲ့ပြီး အကြမ်းဖက် သမားအချို့ကို အီရတ်နိုင်ငံ အတွင်းသို့ စေလွှတ်၍ အကြမ်းဖက် တိုက်ခိုက်မှု သင်တန်းများကို တက်ရောက် သင်ကြား စေခဲ့ကြောင်း ဆော်ဒီ အာဏာပိုင် များက ပြောကြား ခဲ့သည်။

သို့ရာတွင် အဆိုပါ အကြမ်းဖက် သမားတို့ကို မည်သည့် နေရာတွင် ဖမ်းဆီး ရမိခဲ့ကြောင်း ကို အတိအကျ ဖော်ပြခဲ့ခြင်း မရှိဘဲ ဆော်ဒီ တရားရုံးသည် ယင်းအမှုတွင် ပါဝင်ခဲ့သည့် ကာတာနိုင်ငံသား ကို ထောင်ဒဏ် နှစ်ပေါင်း ၃ဝ နှင့် အာဖဂန် နိုင်ငံသားကို ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့ပြီး ဆော်ဒီနိုင်ငံသား များကိုမူ ထောင်ဒဏ် ၁၈ လမှ ၂၅ နှစ်အထိ ချမှတ် ခဲ့ကြောင်း သိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/10/blog-post_34.html


အမေရိကန်တပ်များကို တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် စစ်သွေးကြွမျးကို ဆော်ဒီ ပြစ်ဒဏ်ချမှတ် အမေရိကန်တပ်များကို တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် စစ်သွေးကြွမျးကို ဆော်ဒီ ပြစ်ဒဏ်ချမှတ် Reviewed by သစ်ထူးလွင် on 12:17 Rating: 5
Powered by Blogger.