နာဆာ အာကာသဒုံးပျံယာဉ် ပျက်ကျ

အမေရိကန် ပြည်ထောင်စု ဗာဂျီနီးယား ပြည်နယ်မှာ ရှိတဲ့ အာကာသ စူးစမ်းရေး ဌာန နာဆာ အခြေစိုက် စခန်းတခုက နိုင်ငံတကာ အာကာသ စခန်းကို ထောက်ပံ့ရေး ပစ္စည်း တွေပို့မယ့် လူမပါတဲ့ ဒုံးပျံယာဉ်ဟာ လွှတ်တင်ပြီး စက္ကန့်ပိုင်း အတွင်းမှာ ပျက်ကျ သွားတယ်လို့ နာဆာ တီဗွီက သတင်း ထုတ်ပြန်ပါတယ်။

၁၇ ထပ် ပါတဲ့ ဒုံးပျံယာဉ်ကို အော်ဘစ်တယ် ဆိုင်းယင့် ကုမ္ပဏီက တည်ဆောက်ပြီး မနေ့ ညနေ ၆ နာရီ ၂၂ မိနစ် အချိန်က ပင်လယ်ကမ်းစပ်မှာ ရှိတဲ့ Wallops Flight စခန်းကနေ လွှတ်တင်တဲ့အချိန်မှာ ပျက်ကျသွားတာပါ။ ပျက်ကျရတဲ့ အကြောင်းကို မသိရသေးပါဘူး။

By ဒီဗွီဘီ
http://burmese.dvb.no/archives/69129


နာဆာ အာကာသဒုံးပျံယာဉ် ပျက်ကျ နာဆာ အာကာသဒုံးပျံယာဉ် ပျက်ကျ Reviewed by သစ်ထူးလွင် on 16:48 Rating: 5
Powered by Blogger.