တီးတိန်မြို့နယ်တွင် ဂျစ်ကားတိမ်းမှောက်၍ တစ်ဦးသေဆုံး ရှစ်ဦးဒဏ်ရာရ

တီးတိန် အောက်တိုဘာ ၂၂

ချင်းပြည်နယ် တီးတိန်မြို့နယ် လမ်ဇန်ကျေးရွာတွင် ကလေးမြို့မှ မောင်းနှင်လာသော ရွှေနယ်စပ် ယာဉ်လိုင်းမှ ခရီးသည် ၁၁ ဦး တင်ဆောင်လာသော ဟိုင်မွာလ် ဂျစ်ကားတစ်စီးသည် ကားဘရိတ် ပေါက်၍ တိမ်းမှောက်ခဲ့ပြီး ကလေးမြို့ တာဟန်း ရပ်ကွက်နေ မရိုစီလာလ် ရင်းမောအီ (၁၉နှစ်) သေဆုံးကာ ခရီးသည်ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဟိုင်မွာလ်ဂျစ်ကားသည် အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းက ကလေးမြို့မှ ထွက်ခွာလာရာ တီးတိန် မြို့မှ သုံးမိုင်အကွာ ရိဒ်လမ်းကြောင်း ဟိုင်မွာလ် -တီအိုချောင်းသို့အသွား လမ်းပေါ်ရှိ လမ်ဇန်ကျေးရွာအနီး အကွေ့အဆင်းတွင် ဘရိတ်ပေါက် ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူများကို တီးတိန်မြို့ ပြည်သူ့ဆေးရုံသို့ ဇိုမီးလူငယ်လူမှု ကူညီရေးအသင်းကားဖြင့် ပို့ဆောင် ပေးခဲ့သည်။ ယာဉ်မောင်းမှာ ထွက် ပြေးတိမ်းရှောင်သွားသဖြင့် တီးတိန် မြို့မရဲစခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

နေစု(ချင်းရိုးမ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf


တီးတိန်မြို့နယ်တွင် ဂျစ်ကားတိမ်းမှောက်၍ တစ်ဦးသေဆုံး ရှစ်ဦးဒဏ်ရာရ တီးတိန်မြို့နယ်တွင် ဂျစ်ကားတိမ်းမှောက်၍ တစ်ဦးသေဆုံး ရှစ်ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 02:45 Rating: 5
Powered by Blogger.