ကာတာက မြန်မာကို ၃-၂ ဂိုးဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲတက်

အာရှ ယူ ၁၉ လူငယ်အားကစားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ ကာတာအသင်းတို့ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားရာ ကာတာအသင်းက ၃-၂ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။

မြန်မာအသင်းနဲ့ ကာတာအသင်းတို့ဟာ ပထမပိုင်း နှစ်ဖက် အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြပြီး ပွဲပြီးခါနီး ၃ မိနစ်အလိုမှာတော့ ကာတာအ သင်းက ထောင့် ကန်ဘောက တဆင့် ခေါင်းတိုက် သွင်းယူခဲ့ပါတယ်။

ဒီနောက် ဒုတိယပိုင်းမှာတော့ ကာတာအသင်းက ခံစစ်ကစားခဲ့ပါတယ်။ ၆၁ မိနှစ်မှာတော့ သန်းပိုင် ပေးပို့တဲ့ ဘောလုံးကို အောင်သူက ကာတာအသင်းရဲ့ ညဘက်ထောင့်ကို လှလှပပ ချေပဂိုး ပြန်လည်သွင်းယူခဲ့ပါတယ်။

ဒီနောက် ၆၃ မိနစ်မှာ မြန်မာအသင်းက ပြစ်ဒဏ်ဘောရရှိခဲ့ပါတယ်။ ပြစ်ဒဏ်ဘောကို အောင်သူက ဂိုးရှေ့ချပေးရာမှာ ငြိမ်းချမ်းအောင်က ခေါင်းတိုက်ပြီး ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။

ဒီနောက်  ၇၄ မိနစ်မှာတော့ ကာတာအသင်းက ပြစ်ဒဏ်ဘောရရှိခဲ့ပြီး ကန်သွင်းရာမှာ ဂိုးဝင်သွားခဲ့ပါတယ်။

ဒီနောက် မိနစ် ၉၀ ပြီးတဲ့တဲ့အထိ ကာတာအသင်းက ပြန်လည်ထိုးဖောက်ကစားခဲ့ပေမယ့် တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ဘဲ ပွဲစဉ်ပြီးဆုံးသွားခဲ့ပါတယ်။

ဒီနောက် အချိန်ပို ဆက်ကစားရာမှာ ပွဲစပြီး မိနစ်ပိုင်းအတွင်းမှာပဲ ကာတာအသင်းက ၁ ဂိုး ထပ်မံသွင်းယူပြီး ၃-၂ ဂိုးနဲ့ ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ ဗိုလ်လုပွဲမှာတော့ မြောက်ကိုရီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မြန်မာအသင်းမှာ  ဂိုး – မျိုးမင်းလတ် (၁)၊ နောက်တန်း – ထိုက်ထိုက်အောင် (၃)၊ နန္ဒကျော် (၅)၊ သီဟထက်အောင် (၁၇) ၊ အလယ်တန်း – ငြိမ်းချမ်းအောင် (၇)၊ ရန်နိုင်ဦး (၁၅)၊ မျိုးကိုထွန်း (၂၃)၊ ကျော်မင်းဦး (၆)၊ မောင်မောင်စိုး (၈)၊ ရှေ့တန်း – အောင်သူ (၉)နဲ့ သန်းပိုင် (၁၁) တို့ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ အုပ်စုပွဲစဉ်တွေမှာ ယီမင်နဲ့သရေ၊ ထိုင်းကို ၃-၀ ဂိုး၊ အီရန်ကို ၂-၀ ဂိုးနဲ့ရှုံးနိမ့်ပြီး ကွာတားဖိုင်နယ်မှာ ယူအေအီးအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ကာတာအသင်းဟာ အုပ်စုတွင်းပွဲစဉ်တွေအဖြစ် မြောက်ကိုရီးယား၊ အိုမန်နဲ့ အီရတ်အသင်းတို့ကို အကောင်းဆုံး ဖြတ်ကျော်လာနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်မှာလည်း တရုတ်အသင်းကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်အထိ တက်ရောက်တာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/68451


ကာတာက မြန်မာကို ၃-၂ ဂိုးဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲတက် ကာတာက မြန်မာကို ၃-၂ ဂိုးဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲတက် Reviewed by သစ်ထူးလွင် on 21:39 Rating: 5
Powered by Blogger.