နေပြည်တော်မှာ ချစ်သူနှစ်ဦး ဓာတ်လိုက် သေဆုံးမှု ဖြစ်ပွား

နေပြည်တော် - ပျဉ်းမနား အာဟာရသုခ ဈေးအနီး လူနှစ်ဦး ဓာတ်လိုက် သေဆုံးမှု ဖြစ်ပွား

နေပြည်တော် အောက်တိုဘာ ၇

နေပြည်တော် ပျဉ်းမနားမြို့ နယ် အာဟာရသုခ ဈေးအနီးရှိ ရေမြောင်းထဲ၌ ယနေ့ နံနက်  အစောပိုင်းတွင် လူနှစ်ဦး ဓာတ်လိုက် သေဆုံးနေကြောင်း ပျဉ်းမနားမြို့ နယ် ရဲတပ်ဖွဲ့ ၏ အတည်ပြုချက် အရ သိရသည်။

အဆိုပါ သေဆုံးသူ နှစ်ဦးမှာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးဖြစ်ပြီး ယင်းတို့ မှာ ချစ်သူသမီး ရည်းစားဖြစ်ပြီး ယင်းတို့ မှာ ချစ်သူသမီး ရည်းစားဖြစ်ကြောင်း၊ ၄င်းတို့ နှစ်ဦးမှာ ပျဉ်းမနားမြို့  တောင်သာ ရပ်ကွက်အုပ်စု၌  နေထိုင်ကြသူများ ဖြစ်ကြောင်း သေဆုံးသူ အမျိုးသားမှာ အသက်(၃၉)နှစ်နှင့် အမျိုးသမီးမှာ အသက်(၃၂)နှစ်ရှိ ပြီဖြစ်ကြောင်း သိရသည်။

သေဆုံး သူနှစ်ဦး အနက် အမျိုးသား ရုပ်အလောင်းမှာ ပြတ်ကျလျက် ရှိသော ဓာတ်အားပေး လိုင်းကြိုးကို ၀ဲဘက်လက်ဖြင့် ဆွဲကိုင်ကာ သေဆုံးနေခြင်း ဖြစ်ကြောင်း၊ ယင်းသေဆုံးသူ နှစ်ဦးကို မြို့ နယ် လျှပ်စစ်ရုံးမှ မြို့ နယ် အင်ဂျင်နီယာနှင့် လျှပ်စစ် ကျွမ်းကျင် သူများက လာရောက် စစ်ဆေးခဲ့ရာတွင် ဓာတ်လိုက် သေဆုံးခြင်း ဖြစ်ကြောင်း၊ အမျိုးသား ဖြစ်သူမှာ ယာရင်အုံနှင့် ၀ဲလက်ဖ၀ါး တို့ တွင် မီးလောင် ညိုမည်း ဒဏ်ရာများ ပါရှိပြီး အမျိုးသမီးတွင်လည်း ၀ဲချိုင်းအောက်၊ ၀ဲတင်ပါးနှင့် ၀ဲပေါင်းရင်းတို့ တွင် မီးလောင် ညိုမည်းဒဏ်ရာများ ရရှိပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြပါ ရှိသည်။

လက်ရှိတွင် သေဆုံး သူနှစ်ဦးကို ရဲဆေးစာဖြင့် ခုတင် (၁၀၀၀) ဆေးရုံ သို့ ပို့ ဆောင်ထားပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ပျဉ်းမနားမြို့ မ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၂၆/၂၀၁၄ ဖြင့် အမှုဖွင့် စစ်ဆေး ဖော်ထုတ် လျက်ရှိကြောင်း သိရသည်။

ခိုင်ထူး
ပြည်ထောင်စုနေ့ စဉ် အတွဲ ၂၊ အမှတ် ၁၈၁

နေပြည်တော် - ပျဉ်းမနား အာဟာရသုခ ဈေးအနီး လူနှစ်ဦး ဓာတ်လိုက် သေဆုံးမှု ဖြစ်ပွား

နေပြည်တော်မှာ ချစ်သူနှစ်ဦး ဓာတ်လိုက် သေဆုံးမှု ဖြစ်ပွား နေပြည်တော်မှာ ချစ်သူနှစ်ဦး ဓာတ်လိုက် သေဆုံးမှု ဖြစ်ပွား Reviewed by သစ်ထူးလွင် on 07:04 Rating: 5
Powered by Blogger.