အီဘိုလာကြောင့် အနောက်အာဖရိကတွင် စားနပ်ရိက္ခာကပ်ဘေး ကြုံရနိုင်

အီဘိုလာရောဂါ ကပ်ဘေးနဲ့ ကြုံနေရတဲ့ အနောက် အာဖရိက ဒေသမှာ စားနပ်ရိက္ခာ ကပ်ဘေးကိုပါ ကြုံရနိုင်တယ်လို့ တူရကီနိုင်ငံ ဆိုင်ရာ လိုင်ဘေးရီးယား သံအမတ်ကြီးက ပြောပါတယ်။

အီတလီနိုင်ငံ ရောမမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေး ကော်မတီ နှစ်ပတ်လည် အစည်းအဝေး မှာ ပြောကြား လိုက်တာပါ။
ကမ္ဘာ့သမိုင်းမှာ အဆိုးဆုံး အီဘိုလာကပ်ဘေးဟာ လိုက်ဘေးရီးယားမှာ စားနပ်ရိက္ခာ ပြတ် လပ်နိုင်တဲ့ စိုးရိမ်မှုတွေကို မြင့် တက်စေသ လို၊ ရောဂါကူးစက်မှာ စိုးရိမ်တဲ့အတွက် အဆက်အသွယ် ဖြတ်တောက်တာ၊ နယ်စပ်ဂိတ်တွေကို ပိတ်ပစ်တာတွေကြောင့် စိုက်ပျိုးရေးကဏ္ဍ၊ ပြည်တွင်းရိက္ခာထုတ်လုပ်မှုနဲ့ ပြည်ပက ရိက္ခာတင်သွင်းမှုတွေမှာ အခက်အခဲတွေ ကြုံနေရတယ်လို့ ပြောပါတယ်။

“လိုင်ဘေးရီးယားဟာ အထီးကျန်နိုင်ငံ ဖြစ်နေတယ်။ လိုင်ဘေးရီးယားဆီကို လာတဲ့ သင်္ဘောလိုင်းတွေနဲ့ လေယာဉ်လိုင်းတွေ အတော်များများ ရပ်သွားတယ်၊ ပုံမှန် အခြေအနေမှာ ရိက္ခာတွေကို သင်္ဘောနဲ့ ပို့တယ်။ သင်္ဘောတွေ မလာတော့တဲ့အတွက် ရိက္ခာ ပြတ်တောက်နေပါတယ်” လို့ သံအမတ်ကြီးက အစည်းအဝေးမှာ ပြောပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးရဲ့အဆိုအရ အီဘိုလာဗိုင်းရပ်ကြောင့် ဂီနီ၊ ဆီရာလီယွန်နဲ့ လိုင်ဘေးရီးယားမှာ လူ၁ သန်းကျော်အတွက် ရိက္ခာဖြန့်ဖြူးရေးမှာ အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။

ဆီရာလီယွန်းမှာ သီးနှံစိုက်ပျိုးတဲ့ ယာမြေအားလုံရဲ့ ၄၀ ရာခို်င်နှုန်းဟာ စိုက်ပျိုးသူ မရှိ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ စားနပ် ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ကလည်း ခန့်မှန်းထားပါတယ်။

လူပေါင်း ၄၂၀၀ နီးပါး ရောဂါကူးစက်ခဲ့ပြီး ၂၄၀၀ ကျော် သေဆုံးခဲ့ရပြီ ဖြစ်တဲ့ လိုင်ဘေးရီးယားမှာ ရိက္ခာဈေးနှုန်းကလည်း ထိုးတက်သွားတယ်လို့ ဆိုပါတယ်။

ဒီပြသနာတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး (အက်ဖ်အေအို) က ဂီနီ၊ လိုင်ဘေးရီးယား၊ ဆီရာလီယွန်နိုင်ငံတို့မှာ ဒုက္ခတွေ့နေတဲ့ အိမ်ထောင်စုပေါင်း ၉ သောင်းစာအတွက် အကူအညီတွေပေးနိုင်မယ့် အစီအစဉ်သစ်ကို စတင်ထားပါတယ်။

ဒီနိုင်ငံတွေမှာ လက်ငင်းပြဿ  နာတွေ သာမက ရေရှည်ပြဿ   နာ ဖြေရှင်းနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက ဆိုထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/67945


အီဘိုလာကြောင့် အနောက်အာဖရိကတွင် စားနပ်ရိက္ခာကပ်ဘေး ကြုံရနိုင် အီဘိုလာကြောင့် အနောက်အာဖရိကတွင် စားနပ်ရိက္ခာကပ်ဘေး ကြုံရနိုင် Reviewed by သစ်ထူးလွင် on 10:10 Rating: 5
Powered by Blogger.