လူသတ်မှု ဝန်ခံချက်ကို မြန်မာနှစ်ဦး ပြန်ရုပ်သိမ်း

ထိုင်းနိုင်ငံ ​ကော့တောင်ကျွန်းကို ​လာရောက် လည်ပတ်တဲ့ ​ဗြိတိန်နှစ်ဦးကို ​သတ်ပစ်ကြောင်း ​မြန်မာနှစ်ဦးက ​ဝန်ခံခဲ့ပေမယ့် ​အဲဒီ ​ဝန်ခံချက်ကို ​ပြန်လည် ​ရုပ်သိမ်း လိုက်ပြီ ​ဖြစ်ပါတယ်။

မြန်မာနှစ်ဦးအတွက် ​ရှေ့နေလိုက်ပေးတဲ့ ​ထိုင်း ​ရှေ့ ​နေ ​တွေက ​ပြောလိုက်တာ ​ဖြစ်ပါတယ်။

ထိုင်းရဲတွေကတော့ ​မြန်မာနှစ်ဦးက ​ဗြိတိန်နှစ်ဦးကို ​သတ်ပစ်ကြောင်း ​ဝန်ခံထားတယ်လို့ ​ပြောဆိုခဲ့သလို ​သူတို့မှာ ​DNA ​သက်သေ ​အထောက်အထားတွေရှိတယ်လို့ ​ပြောပါတယ်။

မြန်မာနှစ်ဦးကတော့ ​သူတို့ကို ​နှိပ်စက်မှုလုပ်ပြီး ​အတင်းဝန်ခံခိုင်းတဲ့အတွက် ​ဝန်ခံတာလို့ ​ပြောပါတယ်။

ထိုင်းနိုင်ငံ ​လူ့အခွင့်အရေး ​ကော်မရှင်ကလည်း ​ထိုင်းရဲတွေရဲ့ ​စစ်ဆေးမှုအတွင်း ​မြန်မာနှစ်ဦး ​ရိုက်နှက်ခံခဲ့ ရတယ်ဆိုတာ ​သက်သေ ​အထောက်အထားတွေ ​ရှိတယ်ဆိုပြီး ​မြန်မာဘက်က ​ရပ်တည်နေပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-10-22/1381697

ကော့တောင်ကျွန်းမှာ အသတ်ခံရတဲ့ ဗြိတိန်နှစ်ဦးရဲ့ ရုပ်အလောင်းကို ထိုင်းတွေက စစ်ဆေးစဉ် (Credit: AFP) 

လူသတ်မှု ဝန်ခံချက်ကို မြန်မာနှစ်ဦး ပြန်ရုပ်သိမ်း လူသတ်မှု ဝန်ခံချက်ကို မြန်မာနှစ်ဦး ပြန်ရုပ်သိမ်း Reviewed by သစ်ထူးလွင် on 09:23 Rating: 5
Powered by Blogger.