ရော့ခ်အဆိုတော် ဘိုနိုက သူ့မျက်မှန်၏ လျှို့ဝှက်ချက် ဖွင့်ဟ

ယူတူးအဖွဲ့ခေါင်းဆောင် ရော့ခ်အဆိုတော် ဘိုနိုက သူရဲ့ အမှတ်အသားဖြစ်တဲ့ နေကာမျက်မှန်ရဲ့ လျှို့ဝှက်ချက်ကို ဖွင့်ဟလာပါတယ်။

အိုင်ယာလန် ရော့ခ် အဆိုတော်က နေကာ မျက်မှန် ၀တ်ထားတဲ့ အချိန်များတာကြောင့် သူ့မျက်လုံးတွေဟာ အလင်းရောင်ကို ခံနိုင်ရည်စွမ်း နည်းတယ်လို့ ပြောပါတယ်။

ဒါကြောင့် လွန်ခဲ့တဲ့ နှစ်၂၀ လုံး မျက်လုံးမှာ ရေတိမ်စွဲခဲ့ပြီး ကုသခဲ့ရတဲ့အကြောင်း  ဗြိတိန် တီဗွီ အစိအစဉ် ဂေ၇ဟမ် နော်တန် တွေ့ဆုံခန်းမှာ ပြောပြသွားပါတယ်။

ရေတိမ်ဟာ မျက်လုံး အမြင်အာရုံတွေကို ထိခိုက်စေတဲ့ ရောဂါတမျိုးဖြစ်ပြီး တဖြည်းဖြည်း ပိုဆိုးရာကနေ တချို့လူတွေမှာ အမြင်အာရုံကွယ်သွားတဲ့အထိ ဖြစ်တတ်ပါတယ်။

ဘိုနိုဟာ လူရှေ့ထွက်တဲ့ အချိန်မျိုးမှာဖြစ်ဖြစ်၊ indoors မှာ ဖြစ်ဖြစ် မျက်မှန် မချွတ်သူအဖြစ် ကျော်ကြားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/68236


ရော့ခ်အဆိုတော် ဘိုနိုက သူ့မျက်မှန်၏ လျှို့ဝှက်ချက် ဖွင့်ဟ ရော့ခ်အဆိုတော် ဘိုနိုက သူ့မျက်မှန်၏ လျှို့ဝှက်ချက် ဖွင့်ဟ Reviewed by သစ်ထူးလွင် on 16:57 Rating: 5
Powered by Blogger.