စစ်ထောက်လှမ်းရေး အရာရှိဟောင်းများ အပါအ၀င် အကျဉ်းသား ၃ ထောင်ကျော်လွှတ်

နိုင်ငံတော် သမ္မတရဲ့ အမိန့်နဲ့ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေထဲမှာ စစ်ထောက်လှမ်းရေး အရာရှိဟောင်းတွေလည်း ပါဝင်ပါတယ်။

နိုင်ငံတ၀ှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား ၃ ထောင်ကျော်ကို ဒီကနေ့ အောက်တိုဘာ ၇ ရက်နေ့မှာ သမ္မတက ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (က)အရ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့  လူသားချင်းစာနာထောက်ထားမှုအရ ပြစ်ဒဏ်တွေကနေ လွတ်ငြိမ်းခွင့် ပေးလိုက်တာလို့ သမ္မတရဲ့ ပြောခွင့်ရသူ ဦးရဲထွတ်က သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားထားပါတယ်။

လွတ်မြောက်လာတဲ့ အကျဉ်းသားတွေထဲမှာ ဗိုလ်ချုပ်ခင်ညွန်ရဲ့ အမှုတွဲ စစ်ထောက်လှမ်းရေး အရာရှိဟောင်းတွေ အပါအ၀င် မြန်မာနိုင်ငံသား ၃၀၁၅ ယောက်နဲ့  နိုင်ငံခြားသား ၅၈ ယောက် ပါဝင်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/67004



စစ်ထောက်လှမ်းရေး အရာရှိဟောင်းများ အပါအ၀င် အကျဉ်းသား ၃ ထောင်ကျော်လွှတ် စစ်ထောက်လှမ်းရေး အရာရှိဟောင်းများ အပါအ၀င် အကျဉ်းသား ၃ ထောင်ကျော်လွှတ် Reviewed by သစ်ထူးလွင် on 14:46 Rating: 5
Powered by Blogger.