ကနေဒါ ပါလီမန် တိုက်ခိုက်မှုကို တစ်ကိုယ်တော် ကျူးလွန်တာ ဖြစ်နိုင်ကြောင်း ကနေဒါရဲတွေ ယူဆ

ကနေဒါနိုင်ငံ မြို့တော် အော့တဝါ မှာ ဖြစ်ခဲ့တဲ့ စစ်သားတစ်ဦး သေနတ်နဲ့ ပစ်သတ် ခံရပြီး၊ ပါလီမန် အဆောက်အဦ အတိုက်အခိုက် ခံရမှူမှာ ကျူးလွန်ခဲ့သူ မီခေး ဇာဟက်ဖ် ဘီဘူး ဆိုသူဟာ တစ်ကိုယ်တော် ပြုမူခဲ့တာ လို့ ယုံကြည် ရကြောင်း ကနေဒါ ရဲတပ်ဖွဲ့ က ပြောပါတယ်။

အခုလို တိုက်ခိုက်မှု ကျူးလွန်ဖို့ရာ မစ္စတာ ဘီဘူးကို အားပေးကူညီ ထောက်ပံ့သူ တွေ ရှိမရှိကို ဆက်လက် စုံစမ်း နေပါတယ် လို့ ရဲမင်းကြီး ဘော့ဘ် ပေါလ်ဆင် က ဆိုပါတယ်။

အသက် ၃၂ အရွယ် မစ္စတာ ဘီဘူးဟာ မွတ်ဆလင်တစ်ဦး အဖြစ် ဘာသာ ကူးပြောင်း ဝင်ရောက် လာခဲ့သူ ဖြစ်ပြီး၊ သူ့ကို အဆိုပါ ဖြစ်ရပ်အတွင်း အသေဖမ်းဆီး ရခဲ့ပါတယ်။

ဒီသတင်းပတ် အစောပိုင်းတုန်း ကလည်း ကနေဒါနိုင်ငံ ခိုဘက် ဒေသမှာ စစ်သားတစ်ယောက် အသတ်ခံခဲ့ ရပါသေးတယ်။ ဒါပေမယ့် ဒီ ဖြစ်ရပ် ၂ ခု ဆက်စပ်မှု ရှိကြောင်း ဘယ်လို အထောက် အထားမှ မတွေ့ရ သေးဘူး လို့ ရဲမင်းကြီး ပေါလ်ဆင် က ပြောပါတယ်။

မစ္စတာ ဘီဘူး ရဲ့ မိခင်ဖြစ်သူ ကတော့ သူမအနေ နဲ့ အတိုက်အခိုက် ခံခဲ့ရသူတွေ အတွက်သာ ငိုကြွေး ရပါကြောင်း ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/10/141023_canada_ottawa_attack

အော့တဝါ ပါလီမန် အကြမ်းဖက်မှု တစ်ကိုယ်တော် ကျူးလွန်တယ်လို့ ရဲ ယူဆ။

ကနေဒါ ပါလီမန် တိုက်ခိုက်မှုကို တစ်ကိုယ်တော် ကျူးလွန်တာ ဖြစ်နိုင်ကြောင်း ကနေဒါရဲတွေ ယူဆ ကနေဒါ ပါလီမန် တိုက်ခိုက်မှုကို တစ်ကိုယ်တော် ကျူးလွန်တာ ဖြစ်နိုင်ကြောင်း ကနေဒါရဲတွေ ယူဆ Reviewed by သစ်ထူးလွင် on 08:36 Rating: 5
Powered by Blogger.