ဆိုင်ကယ်မှ လမ်းလယ်တုံးအား တိုက်မိ ခဲ့သဖြင့် မောင်းနှင်သူ သေဆုံးပြီး လိုက်ပါ စီးနင်းသူ ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၁

၁၀.၉.၂၀၁၄ ရက်နေ့ ၂၂၃၀ အချိန် အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်း အတိုင်း မြောက်မှတောင်သို့ အင်းစိန်မြို့နယ်နေ ကိုကျော်ဌေး၊ (၄၅)နှစ်မောင်းနှင်လာ သော ၃၅ယ/---- လီဖန်း-110 အမျိုးအစား ဆိုင်ကယ်သည် ရွှေစိန်အေးဘုရားရှေ့ အရောက် လမ်းလယ်တုံးအား တိုက်မိပြီး တိမ်းမှောက်သွား ခဲ့ပါသည်။

ထိုသို့တိမ်းမှောက်ခဲ့သဖြင့် ဆိုင်ကယ်မောင်းနှင်သူ ကိုကျော်ဌေးမှာ နှာခေါင်းနှင့် နားတို့တွင် သွေးထွက်ဒဏ်ရာများရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ပြီး ဆိုင်ကယ်နောက်တွင် စီးနင်းလိုက်ပါလာသူ လှိုင်သာယာ မြို့နယ်နေ ကိုဇင်ဗိုလ်၊ (၂၁)နှစ်တွင် ၀ဲ/ယာလက်ပြင်ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပါသည်။

ယင်းသို့ ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ ကိုကျော်ဌေး(သေဆုံး)အား အင်းစိန်မြို့မရဲစခန်း ယာဉ်(ပ)၁၁၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice



ဆိုင်ကယ်မှ လမ်းလယ်တုံးအား တိုက်မိ ခဲ့သဖြင့် မောင်းနှင်သူ သေဆုံးပြီး လိုက်ပါ စီးနင်းသူ ဒဏ်ရာရ ဆိုင်ကယ်မှ လမ်းလယ်တုံးအား တိုက်မိ ခဲ့သဖြင့် မောင်းနှင်သူ သေဆုံးပြီး လိုက်ပါ စီးနင်းသူ ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 14:51 Rating: 5
Powered by Blogger.