ရေစိုနေသောလက်ဖြင့် မီးပလပ်ထိုးစဉ် ပလပ်ပေါက်နှင့် ထိမိကာ ဓါတ်လိုက်ခံရ၍ အမျိုးသား တစ်ဦး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၉

၈.၉.၂၀၁၄ရက်နေ့ ၁၉၅၅ အချိန် သာကေတမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရန်ကုန်အရှေ့ ပိုင်းဆေးရုံကြီးတွင် အမျိုးသား တစ်ဦး ဓါတ်လိုက်ခံရ၍ သေဆုံး ရောက်ရှိနေကြောင်း သတင်းအရသွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဒေါပုံမြို့နယ်နေ ကိုကျော်သူ (၂၉)နှစ်ဖြစ်ပြီး ၎င်းတွင် ဝဲလက်မနှင့်ဝဲလက်ခုံတို့တွင် ပွန်းစုတ်ညိုမဲ ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူ ကိုကျော်သူသည် သာကေတမြို့နယ်၊ ၃/ရန်ပြေ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အလုပ်လုပ်ကိုင်စဉ် မီးထွန်းရန်အတွက် ရေစိုနေသော လက်ဖြင့် မီးပလပ်ထိုးရာ လက်ချော်၍ ပလပ်ပေါက်နှင့် ထိမိသဖြင့် ဓါတ်လိုက်ခံရပြီး ဒဏ်ရာများ ရရှိခဲ့သောကြောင့် ဆေးရုံသို့ပို့ဆောင်စဉ်သေဆုံး သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ သာကေတမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၂၁/၂၀၁၄)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


ရေစိုနေသောလက်ဖြင့် မီးပလပ်ထိုးစဉ် ပလပ်ပေါက်နှင့် ထိမိကာ ဓါတ်လိုက်ခံရ၍ အမျိုးသား တစ်ဦး သေဆုံး ရေစိုနေသောလက်ဖြင့် မီးပလပ်ထိုးစဉ် ပလပ်ပေါက်နှင့် ထိမိကာ ဓါတ်လိုက်ခံရ၍ အမျိုးသား တစ်ဦး သေဆုံး Reviewed by သစ်ထူးလွင် on 15:28 Rating: 5
Powered by Blogger.