ကန်နဲ့ ပြင်သစ် ရထားစနစ်မှာ ဖောက်ခွဲမှုဖြစ်နိုင်လို့ အီရတ်သတိပေး


အီရတ်နိုင်ငံ ​ဝန်ကြီးချုပ်သစ်က ​အကြမ်းဖက် ​သမားတွေဟာ ​အမေရိကန်နဲ့ ​ပြင်သစ်နိုင်ငံက ​မြေအောက် ​ရထားလမ်းတွေမှာ ​ဖောက်ခွဲမှုတွေ ​လုပ်ဖို့ ​ကြံစည်နေတယ်လို့ ​ပြောလိုက်ပါတယ်။

ပြင်သစ်နိုင်ငံ ​ပဲရစ်စ် ​မြို့ ​မြေအောက် ​ရထားလမ်းနဲ့ ​နယူးယောက်မြို့ ​မြေအောက် ​ရထားလမ်းတွေမှာ ​ဖောက်ခွဲမှုတွေ ​လုပ်ဖို့ ​ရှိတယ်ဆိုတာ ​ယုံကြည်ရတဲ့ ​သတင်းအရင်းအမြစ်ဆီက ​သိရတယ်လို့ ​အီရတ်ဝန်ကြီးချုပ် ​Haider ​al-Abadi ​က ​ပြောဆိုလိုက်တာ ​ဖြစ်ပါတယ်။

ဒါပေမဲ့ ​အ ​မေ ​ရိ ​ကန် ​ထောက် ​လှမ်း ​ရေး ​တွေနဲ့ ​ပြင် ​သစ် ​ထောက် ​လှမ်း ​ရေး ​တွေက ​အဲဒီအချက်အလက်ကို ​အခုမှ ​သိရတဲ့အတွက် ​ဒါဟာ ​စစ်မှန်တဲ့ ​သတင်းဟုတ်မဟုတ်ဆိုတာ ​အတည် ​မပြုနိုင် ​သေးဘူးလို့ ​ဆိုပါတယ်။

ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​အီရတ်အာဏာပိုင်နဲ့ ​ပူးပေါင်းပြီးတော့ ​အချက်အလက်တွေကို ​ပြန်လည် ​ဆန်းစစ်သွားမယ်လို့ ​အမေရိကန် ​အမျိုးသားလုံခြုံရေး ​ကောင်စီက ​ကြေညာချက်တစ်စောင် ​ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန် ​လုံခြုံရေးကောင်စီအနေနဲ့ ​ဘယ်ခြိမ်းခြောက်မှုမျိုးကိုမဆို ​အလေးအနက်ထားပြီး ​အချက်အလက်တွေ ​ရရှိအောင် ​ပူးပေါင်းဆောင်ရွက်မှုတွေ ​လုပ်ဆောင်နေကြ ​ဖြစ်တယ်လို့လည်း ​ပြောကြောင်း ​အေဘီစီ ​သတင်းထောက် ​Lisa ​Millar ​က ​ဝါရှင်တန် ​မြို့ကနေ ​သတင်းပေးပို့ထားပါတယ်။

နယူးယောက်မြို့ ​အကြီးအကဲ ​Andrew ​Cuomo ​ကတော့ ​အီရတ် ​ဝန်ကြီးချုပ်က ​အဲလို ​သတိပေးချက်တွေ ​မပြောခင်ကတည်းက ​အထင်ကရ၊ ​လူသွားလူလာများတဲ့ ​နေရာတွေမှာ ​လုံခြုံရေးတွေ ​တိုးချဲ့ချထားပြီး ​ပြီလို့ ​ပြောပါတယ်။


သြစတြေးလျမှာလည်း ​လုံခြုံရေးတိုးချထား


သြစတြေးလျနိုင်ငံမှာလည်း ​အကြမ်းဖက်မှု ​ဖြစ်နိုင်တယ်လို့ ​ထောက်လှမ်းရေးတွေက ​အကြောင်းကြားထားတဲ့အတွက် ​အစိုးရက ​လုံခြုံရေးတွေ ​တိုးချဲ့ချထားပါတယ်။

အထူးသဖြင့် ​ပါလီမန် ​လွှတ်တော်အဆောက်အဦးမှာ ​အကြမ်းဖက်မှု ​ဖြစ်နိုင်တဲ့အတွက် ​လွှတ်တော်အမတ်တွေ ​ကန့်လန့်ကာတွေ ​အမြဲတမ်းချထားဖို့ ​ညွှန်ကြားထားတယ်ဆိုတဲ့ ​သတင်းတွေလည်း ​ထွက်ပေါ်နေပါတယ်။

လက်ဖြောင့်သေနတ်သမားတွေက ​ပြတင်းပေါက်ကနေတဆင့် ​ချောင်းပစ်မှာကို ​စိုးရိမ်တဲ့အတွက် ​ဖြစ်ပါတယ်။

တချို့လွှတ်တော်အမတ်တွေကတော့ ​ပြတင်းပေါက်တွေ ​ပိတ်ထားပြီး ​ကန့်လန့်ကာတွေ ​ချထားဖို့ ​ညွန်ကြားထားတာ ​မရှိဘူးလို့ ​ပြောပါတယ်။

တချိန်တည်းမှာပဲ ​မနက်ဖြန်ကျရင် ​သြစတြေးလျနိုင်ငံမှာ ​Footy ​လို့ခေါ်တဲ့ ​ဘောလုံး ​ဗိုလ်လုပွဲ ​ရှိတဲ့အတွက် ​လုံခြုံရေးတွေလည်း ​တိုးချဲ့ချထားသလို ​စစ်ဆေးမှုတွေလည်း ​လုပ်မှာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-09-26/1372615

အီရတ်နိုင်ငံ ဝန်ကြီးချုပ် Haider Al-Abadi (Credit: AFP) 

ကန်နဲ့ ပြင်သစ် ရထားစနစ်မှာ ဖောက်ခွဲမှုဖြစ်နိုင်လို့ အီရတ်သတိပေး ကန်နဲ့ ပြင်သစ် ရထားစနစ်မှာ ဖောက်ခွဲမှုဖြစ်နိုင်လို့ အီရတ်သတိပေး Reviewed by သစ်ထူးလွင် on 07:36 Rating: 5
Powered by Blogger.