တရုတ် ရေတပ် သင်္ဘာ တွေ အီရန်ရောက်

တရုတ် ရေတပ် သင်္ဘာ တွေ အီရန် နိုင်ငံကို ရောက်ရှိ လာပါတယ်။

အမေရိကန်ရဲ့ ပဉ္စမ ရေတပ် အခြေစိုက် ထားတဲ့ ဘာရိန်း တဘက်ကမ်း ပါးရှား ပင်လယ်ကွေ့ က Bandar Abbas ဆိပ်ကမ်း မြို့ကို တရုတ် စစ်သင်္ဘာ ၂ စင်း ရောက်ရှိ လာတာ ဖြစ် ပါတယ်။

နှစ်နိုင်ငံ ရေတပ်ချင်း ပူးတွဲပြီး ရှာဖွေ ကယ်ဆယ်ရေး နဲ့ ပင်လယ် ရေကြောင်း မတော်တဆ ဖြစ်မှု ကာကွယ်ရေး လေ့ကျင့်ခန်း တွေ ဆောင်ရွက် သွားမယ်လို့ အီရန် ရေတပ် ဗိုလ်ချုပ်ကြီး Hossein Azad က ပြောပါတယ် ။

ဒီ နှစ်နိုင်ငံ ရေတပ်တွေ ပူးတွဲပြီး ပင်လယ် ဓားပြ နှိမ်နင်းရေး လှုပ်ရှားမှု တွေ ဆောင်ရွက် နေသလိုပဲ တရုတ်နဲ့ အီရန် ၂ နိုင်ငံကြား ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက် မှုတွေ တိုးပွား လာ နေပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/09/140921_china_iran.shtml

တရုတ် အီရန် ကာကွယ်ရေး ဝန်ကြီးတွေ

တရုတ် ရေတပ် သင်္ဘာ တွေ အီရန်ရောက် တရုတ် ရေတပ် သင်္ဘာ တွေ အီရန်ရောက် Reviewed by သစ်ထူးလွင် on 07:18 Rating: 5
Powered by Blogger.