ဂျာမန်တစ်ဦးကို ဖိလစ်ပိုင်အကြမ်းဖက်အဖွဲ့ ဖမ်းထား

ဖိလိပိုင်နိုင်ငံက ​အကြမ်းဖက် ​အဖွဲ့တစ်ခုက ​ဂျာမနီနိုင်ငံသား ​တစ်ဦးကို ​ပြန်ပေးဆွဲထားပြီး ​IS ​စစ်သွေးကြွအဖွဲ့ကို ​နှိမ်နင်းရေးမှာ ​ဂျာမနီအနေနဲ့ ​ပါဝင်မှုတွေ ​မလုပ်ဖို့ ​တောင်းဆိုလိုက်သလို ​ဒေါ်လာ ​၅ ​သန်းပေးရင် ​ဖမ်းဆီးထားသူကို ​လွတ်ပေးမယ်လို့လည်း ​ပြောလိုက်ပါတယ်။

ဂျာမနီအစိုးရကတော့ ​IS ​အဖွဲ့ကို ​နှိမ်နင်းဖို့ ​ကိစ္စမှာ ​ဆက်လက် ​ထောက်ခံမှု ​လုပ်သွားမယ်လို့ ​တုန့်ပြန်ထားပါတယ်။  ​ဖိလစ်ပိုင်နိုင်ငံ ​တောင်ပိုင်း ​ဒေသခံ ​အာဏာပိုင်တွေရဲ့ ​အဆိုအရ ​IS ​တပ်ဖွဲ့တွေဟာ ​သေနတ်တွေ၊ ​ပိုက်ဆံတွေ ​ပေးမယ်ဆိုပြီး ​မွတ်စလင်လူငယ် ​၁၀၀ ​ကျော်ကို ​စည်းရုံး ​သင်တန်းပေးတာတွေ ​လုပ်နေတယ်လို့ ​ဆိုပါတယ်။

အဆိုပါ ​ဂျာမနီနိုင်ငံသားကို ​ဖိလစ်ပိုင်နိုင်ငံက ​Abu ​Sayyaf ​အဖွဲ့က ​ဖမ်းဆီးထားတာပါ။

ဒါပေမဲ့ဖိလစ်ပိုင် ​သမ္မတ ​Benigno ​Aquino ​ကတော့ ​ဖိလစ်ပိုင်နိုင်ငံမှာ ​IS ​တပ်ဖွဲ့နဲ့ ​တိုက်ရိုက်အဆက်အသွယ်ရှိတဲ့ ​အကြမ်းဖက်အဖွဲ့တွေမရှိတဲ့အကြောင်း၊ ​IS ​ရဲ့ ​လုပ်ရပ်တွေကို ​ထောက်ခံတဲ့ ​အဖွဲ့အစည်းတွေသာ ​ရှိနိုင်တယ်လို့ ​ထောက်လှမ်းရေးတွေရဲ့ ​သတင်းပေးချက်အရ ​သိရတဲ့အကြောင်း ​ဖိလစ်ပိုင် ​သမ္မတက ​ပြောခဲ့တယ်လို့ ​အေဘီစီ ​သတင်းထောက် ​Shirley ​Escalante ​က ​မနီလာမြို့ကနေ ​သတင်းပေးပို့ထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-09-25/1372179

ဖိလစ်ပိုင် သမ္မတကတော့ IS အဖွဲ့နဲ့ တိုက်ရိုက် ဆက်သွယ်မှုရှိတဲ့ အကြမ်းဖက်အဖွဲ့ဆိုတာ ဖိလစ်ပိုင်မှာ မရှိသေးဘူးလို့ဆို (Credit: ABC) 

ဂျာမန်တစ်ဦးကို ဖိလစ်ပိုင်အကြမ်းဖက်အဖွဲ့ ဖမ်းထား ဂျာမန်တစ်ဦးကို ဖိလစ်ပိုင်အကြမ်းဖက်အဖွဲ့ ဖမ်းထား Reviewed by သစ်ထူးလွင် on 08:32 Rating: 5
Powered by Blogger.