အချုပ်သား ၃ ဦး ရဲစခန်းဖောက်၍ ထွက်ပြေးလွတ်မြောက်

ဧရာဝတီတိုင်း ဒေသကြီး အိမ်မဲမြို့တွင် အထက်ပိုင်းရပ်ကွက် ဗိုလ်ချုပ် အောင်ဆန်း လမ်းရှိ အိမ်မဲ ရဲစခန်း အချုပ်အတွင်းမှ အချုပ်သား ၁၀ ဦးရှိသည့်အနက် တရားခံ ၃ဦး ထွက်ပြေး လွတ်မြောက် သွားကြောင်း သတင်း ရရှိသည်။

ဖြစ်စဉ်မှာ  စက်တင်ဘာ၁၄ ရက်နေ့  နံနက် ၄ နာရီနှင့် ၅ နာရီ အချိန်အတွင်း အိမ်မဲ ရဲစခန်းအချုပ်
တွင် တာဝန်မှူး ရဲအုပ် ဌေးနိုင် ၊ကင်းမှူး  တကစိုးဝင်း ၊ ရှေ့ကင်း တသ အောင်ကိုမင်း ၊ နောက်ကင်း တသထွန်းသူတို့ တာဝန်ထမ်းဆောင်နေစဉ်  တရားခံ ဘွတ်ကလုံ(ခ) ထွန်းထွန်းဦး (ဘ) ဦးသိန်းထွန်း ၊ ပိစိ (ဘ) ဦးစိန်ဝင်း ၊ စစ်နိုင် (ခ) အကြီးကောင် (ဘ) ဦးတင်မြင့်  တို့ ၃ဦးမှ အချုပ်ခန်းတံခါးရှိ သံတိုင် ၂ ချောင်းအား သံဖြတ်လွှဖြင့် ဖြတ်ကာ အချုပ်ခန်း ရှေ့တံခါးပေါက်မှ တဆင့်ထွက်ပြေးလွတ်မြောက် သွားခဲ့ကြောင်း အဆိုပါ အချုပ်သား တရားခံများသည် ပြစ်မှုပုဒ်မ(၃၈၀)  ပြစ်မှုပုဒ်မ (၂၄၄) ၊ ပြစ်ချက်ဟောင်းပုဒ်မ (၃၇၉) တို့ဖြင့် အရေးယူ ခံထားရသော တရားခံများ ဖြစ်ကြောင်း သိရသည်။

အချုပ်ခန်း ဖောက်ထွက်ပြေး လွတ်မြောက်သွားသော တရားခံ ၃ဦးအား ပြန်လည် ဖမ်းဆီးရ ရှိနိုင်ရေး အတွက် စခန်းမှူး ဒုရဲမှူး မင်းလွင်မှ စီစဉ် ဆောင်ရွက် ကြိုးပမ်းလျှက်ရှိကြောင်း သိရသည်။

ဇော်လင်းထွေး  (အိမ်မဲ)
BY THIT HTOO LWIN


အချုပ်သား ၃ ဦး ရဲစခန်းဖောက်၍ ထွက်ပြေးလွတ်မြောက် အချုပ်သား ၃ ဦး ရဲစခန်းဖောက်၍ ထွက်ပြေးလွတ်မြောက် Reviewed by သစ်ထူးလွင် on 03:30 Rating: 5
Powered by Blogger.