မိုးသည်းထန်းစွာ ရွာသွန်းသောကြောင့် တံတားခုနစ် စင်းကျိုး၍ လူသုံးဦးသေဆုံးမှုဖြစ်ပွား


ကသာ စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် ကသာမြို့တွင် မိုးသည်းထန်းစွာ ရွာသွန်းသောကြောင့် တံတားခုနစ် စင်းကျိုး၍ လူသုံးဦးသေဆုံးမှုစက်တင်ဘာ ၁၈ ရက် နံနက် ၂ နာရီ က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကသာမြို့နယ်တွင် မိုးရွာသွန်းမှု မှာ မိုးရေချိန် ၄ ဒသမ ၉၂ လက်မ၊ ဗန်းမောက်မြို့နယ်တွင် ၄ဒသမ ၉၇ လက်မရှိ၍ကသာ၊ ဗန်းမော်ကားလမ်းမရှိ ပေါမမြိုင် ကျေးရွာတွင် သံကူကွန်ကရစ်တံတား အရှည်ပေ ၁၃၀၊ အကျယ် ၁၈ ပေ၊ လမ်းခွကျေးရွာရှိ သံကူကွန်ကရစ်တံတား အရှည်ပေ ၁၂၀၊ အကျယ် ၂၈ ပေ၊ မင်းလယ်ကျေးရွာရှိ သစ်သား တံတားအရှည်ပေ ၁၀၀ ၊ အကျယ် ၁၄ ပေ၊ ကသာမြို့တွင်းရှိ ပြည်သာ ယာရပ်ကွက်အမှတ်-၃ ခရိုင်ချင်းဆက် လမ်း အသုံးပြုသော သွေးသောက်ကူ တံတားအုတ်ခံ သစ်သားတံတား အရှည်ပေ ၁၄၀၊ အကျယ် ၁၄ ပေ၊ မိဿလင်းအုပ်စု ပေကုန်တွင်သစ်သား တံတားအရှည် ပေ ၈၀၊ အကျယ် ၁၄ ပေနှင့် ကပ္ပလိပ်ကျေးရွာရှိ သစ်သား တံတားအရှည် ၁၂၆ပေ၊ အကျယ် ၁၄ ပေ၊ လမ်းခွကျေးရွာနှင့် အင်းတော် မြို့နယ် ဖြတ်သန်းတံတားအမှတ် ၅/၉တွင်းရှိ အရှည်ပေ၂၀၊ အကျယ် ၂၈ ပေ စုစုပေါင်း တံတားခုနစ်စင်း ကျိုးပြတ်ပျက်စီးသွားခဲ့ပြီး ပြည်သာယာ ရပ်ကွက်ရှိ လူနေအိမ်လေးလုံးအိုးမဲ့ အိမ်မဲ့ဖြစ်၍ ဒေါ်ခင်သိန်းမြင့်( ၅၈) နှစ်၊ မခင်မျိုးကြည်(၂၃)နှစ်၊ နတ်လှိုင်ကျေးရွာနေသူ မောင်ရန်အေးဆိုသူ တို့ သေဆုံးသွားကြောင်း သိရသည်။

ထိုပြင် စိုက်ပျိုးထားရှိသော စပါးခင်းအချို့ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိများ နှင့်ကယ်ဆယ်ရေး အဖွဲ့သားများ နေရာဒေသအလိုက်ခွဲ၍ ကျန်းမာရေး ကယ်ဆယ်ရေးလုပ်ငန်းများနှင့် လူမှုကူညီရေး ပရဟိတအဖွဲ့များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးသာအေးနှင့်အဖွဲ့က စက်တင် ဘာ ၂၀ ရက်က လိုက်လံကြည့်ရှု စစ်ဆေးပြီး ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


မိုးသည်းထန်းစွာ ရွာသွန်းသောကြောင့် တံတားခုနစ် စင်းကျိုး၍ လူသုံးဦးသေဆုံးမှုဖြစ်ပွား မိုးသည်းထန်းစွာ ရွာသွန်းသောကြောင့် တံတားခုနစ် စင်းကျိုး၍ လူသုံးဦးသေဆုံးမှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 13:28 Rating: 5
Powered by Blogger.