လျှပ်စစ်မီးကြိုး ပေါက်နေသည့် နေရာအား ကိုင်မိသဖြင့် ဓါတ်လိုက်သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၅

၁၄.၉.၂၀၁၄ ရက်နေ့ ၂၁၃၀ အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သင်္ဃန်းကျွန်း စံပြဆေးရုံသို့ အမျိုးသားတစ်ဦး ဓါတ်လိုက် သေဆုံး ရောက်ရှိ နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ကိုအောင်ဝင်းမြင့်၊ (၂၆)နှစ်ဖြစ်ပြီး ယာလက်ညှိုးတွင် အပူလောင်ပေါက်ပြဲ ဒဏ်ရာရရှိ ထားသည်ကို တွေ့ရှိရ ပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ယင်းနေ့ ၂၀၀၀ အချိန်ခန့်က ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၇၁)ရပ်ကွက်ရှိ နေအိမ်တွင် ကြွေပြားခင်းသည့် အလုပ်အား ကူညီလုပ်ကိုင်ပေးနေရာမှ နေအိမ်အပေါ် ထပ်သို့တက်သွားစဉ် နံရံတွင်တပ်ဆင်ထားသော 2039 အမျိုးအစား အနက်ရောင်မီးကြိုး၏
ပေါက်နေ သောနေရာအား လက်ဖြင့်ကိုင်မိသဖြင့် ဓါတ်လိုက်ခံရကာ လဲကျသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၄၇/၂၀၁၄) ဖြင့် ရေးဖွင့်ကာ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


လျှပ်စစ်မီးကြိုး ပေါက်နေသည့် နေရာအား ကိုင်မိသဖြင့် ဓါတ်လိုက်သေဆုံး လျှပ်စစ်မီးကြိုး ပေါက်နေသည့် နေရာအား ကိုင်မိသဖြင့် ဓါတ်လိုက်သေဆုံး Reviewed by သစ်ထူးလွင် on 12:37 Rating: 5
Powered by Blogger.