ဒီနေ့မြ၀တီမှာတွေတဲ့ ချိန်ကိုက်မိုင်း

စက်တင်ဘာ - ၁၅ - ၂၀၁၄

ဒီနေ့မနက် ၆ နာရီခွဲအချိန်က မြ၀တီမြို့ ချစ်ကြည်ရေး တံတားအနီးမှာ အဝေးထိန်း စနစ်မပါတဲ့ ချိန်ကိုက်မိုင်း တလုံးကို အာဏာပိုင် တွေက တွေရှိခဲ့ပါတယ်။

ဒီမိုင်းကို စစ်မြေပြင် အင်ဂျင်နီယာ တပ်စိတ်က တပ်ကြပ်ကြီး သိန်းကျော်နဲ့ အဖွဲ့က ၎င်းချိန်ကိုက်မိုင်းကို ဖြတ်တောက်တာ အသက်မဲ့မှု ပြုလုပ်ခဲ့ ကြပါတယ်။

အဲဒီမိုင်းကို နာရီဒိုင်ခွက်အသုံးပြုပြီး AA ဓာတ်ခဲများ အသုံးပြုကာ ထောင်ထားတာဖြစ်ပြီး လူစည်ကားတဲ့အချိန်မှာ ပေါက်ကွဲနိုင်ဘို့ အတွက် အချိန်ပေး ထားတယ်လို့ တာဝန်ရှိ သူတွေက ပြောဆိုပါတယ်။

အာဏာပိုင်များ၏ သုံးသပ်မှုတွေအရ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားကို ဖျက်ဆီးဘို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထောင်ထားတာ မဟုတ်ဘဲ ပြည်တွင်းပြည်ပက အဖျက်အမှောက် ဆောင်ရွက်လိုတဲ့အဖွဲ့တွေက နိုင်ငံရေးသိက္ခာ ကျဆင်းဘို့အတွက် ချစ်ကြည်ရေး တံတားနဲ့ နယ်စပ်ဝင်ပေါက်အနီးမှာ ထောင်ထားတာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

အာဏာပိုင်တွေ ဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တာဆိုပြီး စွပ်စွဲပြောဆိုမှုတွေ မရှိသေးပါဘူး။

အာဏာပိုင်တွေ ဘက်ကတော့ ချစ်ကြည်ရေးတံတား ကုန်သွယ်ရေး ဇုန်အပါအ၀င် မြို့တွင်း အရေးကြီးနေရာတွေကို မိုင်းရှာဖွေ ရှင်းလင်းခြင်း အသေးစိပ်လုပ်ဆောင်နေပါတယ်။

ဒီချိန်ကိုင်မိုင်းကို ဒီနေ့မနက် ၆ နာရီခွဲမှာ စည်ပင်သန့်ရှင်းရေး အလုပ်သမတဦးက တွေ့ရှိခဲ့ပြီး သက်ဆိုက်ရာကို အကြောင်းကြားခဲ့တာပါ။

မနေ့တနေ့တုံးကလဲ ကရင်င်ြမ်းချမ်းရေး အဖွဲ့တခုကနေ မြ၀တီကုန်သွယ်ရေးဇုန်ကို ပစ္စည်းလာပို့တဲ့ ကုန်တင်ကားကြီး အစီ ၃၀ ကို ပိတ်ဆို့မှု တခုလုပ်ခဲ့ပါသေးတယ်။
အဲနောက်ပိုင်း ဒီကနေ့မှာ မြ၀တီမြို့ ထဲ ချိန်ကိုက်မိုင်းတွေ့ရှိတဲ့အတွက် မြို့ ခံတွေကတော့ မလိုလားအပ်တဲ့ ပြဿ နာတွေ ဖြစိပေါ်လာမှာကို စိုးရိမ်နေကြတယ်လို့ မြို့ခံအချို့ က ပြောဆိုကြပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)
https://www.facebook.com/profile.php?id=100004061645399


ချိန်ကိုက်မိုင်းတွေ့ရှိမှုနဲ့ပတ်သက်ပြီး မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်မြင့်ကို ရှင်းပြနေတဲ့ စည်ပင်အလုပ်သမ။

ဒီနေ့တွေ့ရှိတဲ့ ချိန်ကိုက်မိုင်းကို စစ်ပြေပြင်အင်ဂျင်နီယာတပ်စိပ်က တပ်ကြပ်ကြီးသိန်းကျော်နဲ့အဖွဲ့ ရှင်းလင်းဖယ်ရှားနေတာပါ။

ဒီနေ့မြ၀တီမှာတွေတဲ့ ချိန်ကိုက်မိုင်း ဒီနေ့မြ၀တီမှာတွေတဲ့ ချိန်ကိုက်မိုင်း Reviewed by သစ်ထူးလွင် on 18:14 Rating: 5
Powered by Blogger.