သမီးရည်းစားကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ ဓါးဖြင့်ထိုး၍ သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၂

၁၁.၉.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ဦးကျော်ရွှေသည် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၁၇)ရပ်ကွက်၊ ကံ့ကော်မြိုင်လမ်းတွင် သားဖြစ်သူ သန်းနိုင်(၃၀)နှစ်နှင့် တစ်ရပ်ကွက်တည်းနေ ပွကြီး(ခ)နိုင်လင်းမြင့်တို့ စကားများရန်ဖြစ်စဉ် ပွကြီး(ခ)နိုင်လင်းမြင့်မှ ဓါးဖြင့်ထိုးသွားကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ အခင်းဖြစ်နေရာလမ်းပေါ်တွင် သားဖြစ်သူ သန်းနိုင်မှာ လည်ပင်းယာဘက်ထိုးသွင်း ပေါက်ပြဲဒဏ်ရာ ရရှိထားပြီး လဲကျနေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ၎င်းတို့(၂)ဦးမှာ သမီးရည်းစား ကိစ္စဖြင့် စကားများကြစဉ် သန်းနိုင်မှ ပွကြီး(ခ)နိုင်လင်းမြင့်အား ပါးရိုက်ခဲ့သဖြင့် ပွကြီး(ခ) နိုင်လင်းမြင့်မှ မကျေမနပ်ဖြစ်ကာ အသင့် ယူဆောင်လာသော အရိုးအသွား (၉)လက်မခန့်ရှိ ဓါးဦးချွန်ဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း၊ သားဖြစ်သူ သန်းနိုင်အား သင်္ဃန်းကျွန်းစံပြ ဆေးရုံကြီးသို့ပို့အပ်စဉ် သေဆုံးသွားခဲ့ကြောင်းနှင့် ယင်းသို့ ကျူးလွန်သူ ပွကြီး(ခ)နိုင်လင်းမြင့်အား အရေးယူပေးရန်တိုင်တန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ ပွကြီး(ခ)နိုင်လင်းမြင့်၊ (၁၉)နှစ်အား ဒဂုံမြို့သစ်(တောင်းပိုင်း) မြို့မရဲစခန်း (ပ)၈၂ရ/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice?fref=nf


သမီးရည်းစားကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ ဓါးဖြင့်ထိုး၍ သေဆုံး သမီးရည်းစားကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ ဓါးဖြင့်ထိုး၍ သေဆုံး Reviewed by သစ်ထူးလွင် on 16:36 Rating: 5
Powered by Blogger.