တောင်ဥက္ကလာတွင် ၀မ်းပျက်ရောဂါကူးစက်၊ ကလေး ၂၀ခန့် ဆေးရုံတင်ထားရ

တောင်ဥက္ကလာပမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ကလေးငယ်များ ၀မ်းပျက်ဝမ်းလျောရောဂါပျံ့ ပွားမှု ဖြစ်ပေါ်နေပြီး ကလေး ၂၀ခန့် ဆေးရုံတင်ထာရကြောင်း သိရသည်။

ရောဂါကူးစက်မှုဖြစ်ပွားနေသောနေရာမှာ တောင်ဥက္ကလာပမြို့နယ်၊ ၁၄ ရပ်ကွက်၊ မြကလေးလမ်း၊ စီမံကိန်း(၁)အတွင်းဖြစ်ပြီး ဆေးရုံတင်ထားရသော ကလေး ၂၀ အပါအ၀င် ၀မ်းပျက်ဝမ်းလျောရောဂါဖြစ်နေသော ကလေး စုစုပေါင်း ၅၀ဦးခန့် ရှိကြောင်း ရပ်ကွက်နေပြည်သူတဦးက ပြောသည်။

“ဘာကြောင့်ဖြစ်တယ်ဆိုတာ မသိရသေးဘူး၊ အခုရက်ပိုင်း ကျန်းမားရေးဝန်ကြီးဌာနကရော၊ အခြားဌာနအသီးသီးက တာဝန်ရှိသူတွေဆင်းလားပြီး စုံစမ်းမှုတွေလုပ်နေတယ်၊ ရောဂါဖြစ်တဲ့ကလေးတွေကိုလည်း အနီးကပ် ကုသမှုပေးနေတယ်“ဟု ဖြစ်စဉ်ကို သွားရောက်သတင်းယူနေသော သတင်းထောက်တဦးက ပြောသည်။

အဆိုပါ ၀မ်းပျက်ဝမ်းလျောရောဂါမှာ စက်တင်ဘာ ၂၄ဂက်နေ့က စတင်ဖြစ်ပွားခဲ့သည်ဟု သိရပြီး နောက်ပိုင်းရက်များတွင် ကူးစက်မှု ပိုမိုမြန်ဆန်လာခဲ့ကြောင်း၊ စက်တင်ဘာ ၂၈ရက်နေ့တွင် ရောဂါဖြစ်ပွားနေသူ ကလေး ၁၈ဦး ဆေးရုံတင်ပို့ခဲ့ရကြောင်း ဒေသအာဏာပိုင်တဦးက ပြောသည်။

မိုးမင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf


တောင်ဥက္ကလာတွင် ၀မ်းပျက်ရောဂါကူးစက်၊ ကလေး ၂၀ခန့် ဆေးရုံတင်ထားရ တောင်ဥက္ကလာတွင် ၀မ်းပျက်ရောဂါကူးစက်၊ ကလေး ၂၀ခန့် ဆေးရုံတင်ထားရ Reviewed by သစ်ထူးလွင် on 18:11 Rating: 5
Powered by Blogger.