ပအိုးဝ်နဲ့ SSA တပ်များအကြား နယ်မြေအငြင်းပွားမှုဖြစ်ပွား

ပအိုးဝ်လွတ်မြောက်ရေးတပ်မတော် (PNLA) နဲ့ ရှမ်းပြည်တောင်ပိုင်းတပ်မတော် SSA တို့အကြား ထိမ်းချုပ်နယ်မြေသတ်မှတ်တာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုဖြစ်ပွားလို့ တိုက်ပွဲတွေဖြစ်လာနိုင်တဲ့ အခြေအနေရောက်နေတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြောကြပါတယ်။

ရှမ်းပြည်တောင်ပိုင်း မောက်မော်မြို့နယ် ကဒူးကြီးဒေသမှာ အစိုးရနဲ့ငြိမ်းချမ်းရေးရယူထားတဲ့ PNLA အဖွဲ့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ်မှာ RCSS/SSA က သြဂုတ်လ ၈ရက်နေ့ နောက်ဆုံးထားပြီး အဲဒီဒေသတွင်းကထွက်ခွာဖို့ စာပို့ခဲ့တယ်လို့ ပအိုးဝ်လွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

ဆက်လက်ပြီး သြဂုတ်လ ၁၅ရက်နေ့မှာ စာထပ်ပေးပို့ခဲ့ပြီး သြဂုတ်လ ၂၁ရက်နေ့မှာ (PNLA) တပ်သား ၃ဦးကို ဖမ်းစီးသွားခဲ့တယ်လို့ ဆိုပါတယ်။ ခွန်မြင့်ထွန်းက…

"RCSS က ကျနော်တို့ကို ကျနော်တို့ကဒီအစိုးရနဲ့ သဘောတူထားတဲ့ ဖွံ့ဖြိုးရေးတွေလုပ်တာ သူ့ထိမ်းချုပ်နယ်မြေဆိုပြီး တိုက်မလို့ဘာညာဖြစ်နေတာ၊ ကျနော်တို့ကလည်း ပြန်တိုက်ရမယ်ဖြစ်နေအဲ့လိုတွေ ကျနော်တို့ တပ်ဖွဲ့ဝင် ၃ ယောက်ကိုသူတို့ ဖမ်းထားတယ်၊ ၂၁ ရက်နေ့ထဲက ဖမ်းထားတာ"

ဒီကိစ္စနဲ့ပတ်သက်ပြီး RCSS/SSA အဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ UNFC ညီလာခံမှာရောက်ရှိနေတဲ့ SSA တောင်ပိုင်းက တာဝန်ခံအရာရှိတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးစိုင်းငင်းက ခုလိုပြောပါတယ်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ကျနော်တို့ ဘာမှမှတ်ချက်မပေးလိုသေးပါဘူး၊ အခုထိ ကျနော်တို့ညှိနေတဲ့ အခြေအနေပဲရှိပါသေးတယ်၊ နောက်ပြီးတော့ ဒီနယ်မြေကအရင်တုန်းကလည်း ကျနော်တို့နေတဲ့ နယ်မြေတွေပါ၊ အစိုးရကလည်း ဒါသူတို့ကိုပေးတယ်ဆိုတာလည်း ကျနော်တို့ကိုလည်း ဘာမှတိုင်ပင်တာမရှိပါဘူး၊ ကျနော်တို့နှစ်ဖက် ညှိနေကြတယ်"

ဒီပြဿနာနဲ့ပတ်သက်ပြီး UNFC ညီညွတ်သောတိုင်းရင်းသားများ မဟာမိတ်အဖွဲ့ကိုတင်ပြပြီး ကြားဝင်ဆောင်ရွက်ဖို့ အစီအစဉ်ရှိတယ်လို့ ပအိုးဝ်လွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ခွန်မြင့်ထွန်းကလည်းပြောပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


ပအိုးဝ်နဲ့ SSA တပ်များအကြား နယ်မြေအငြင်းပွားမှုဖြစ်ပွား ပအိုးဝ်နဲ့ SSA တပ်များအကြား နယ်မြေအငြင်းပွားမှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 11:52 Rating: 5
Powered by Blogger.