MH-370 လေယာဉ်ပေါ်၌ လိုက်ပါသွားသည့် ခရီးသည် ၄ ဦး၏ ဘဏ်စာရင်းမှ ငွေကြေး အများအပြား ကို တရားမ၀င် ရယူသုံးစွဲခဲ့ သူများအား ဖမ်းဆီးထိန်းသိမ်း

  ကွာလာလမ်ပူ ၊ ၁၆-၈-၂၀၁၄

  ပျက်ကျ ပျောက်ဆုံးလျက် ရှိသည့် မလေးရှား နိုင်ငံ လေကြောင်းလိုင်းပိုင် MH-370 လေယာဉ်ပေါ်၌ လိုက်ပါသွားသည့် ခရီးသည် ၄ ဦး၏ ဘဏ်စာရင်းမှ ငွေကြေး အများအပြား ကို တရားမ၀င် ရယူ သုံးစွဲခဲ့သည့် ဘဏ် အမှုထမ်း တစ်ဦးနှင့် သူမ၏ ခင်ပွန်း ဖြစ်သူကို အာဏာပိုင် များက စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

MH-370 ခရီးသည်တင် လေယာဉ်မှာ ယခုနှစ် မတ်လ ၈ ရက်က မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့မှ တရုတ်နိုင်ငံ ပေကျင်းမြို့ သို့ ပျံသန်းစဉ် မြေပြင် ထိန်းချုပ်ရေး စခန်းနှင့် အဆက် အသွယ် ပြတ်တောက် သွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ လေယာဉ်ပေါ် လိုက်ပါ သွားသည့် ခရီးသည် ၄ ဦး၏ ဘဏ်စာရင်း များမှ အမေရိကန် ဒေါ်လာ ၃၄၈၅၀ ( မလေးရှား သုံးငွေ ၁၁၁၀၀၀ RM ) ခန့်ရှိ ငွေကြေး များကို တရားမ၀င် ရယူ သုံးစွဲခဲ့သည့် ဇနီးမောင်နှံ ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း သိရသည်။

ထို့ပြင် ရဲတပ်ဖွဲ့သည် အဆိုပါ အမှုနှင့် ဆက်စပ် နေသည့် ပါကစ္စတန် နိုင်ငံသား တစ်ဦးကို လိုက်လံ ရှာဖွေလျက် ရှိသည်။ ဖမ်းဆီးခံ ထားသည့် အမျိုးသမီးမှာ ယင်းဘဏ်တွင် ၁၀ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ကြောင်း နှင့် ဖမ်းဆီး ခံရသူများ၏ အမည်နာမကို ရဲတပ်ဖွဲ့က အသေးစိတ် ထုတ်ပြန် ခဲ့ခြင်း မရှိကြောင်း ခရိုင် ရဲတပ်ဖွဲ့ အကြီးအကဲ ဖြစ်သူ ဇိုင်နက်ဒင် က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/08/mh-370.html


MH-370 လေယာဉ်ပေါ်၌ လိုက်ပါသွားသည့် ခရီးသည် ၄ ဦး၏ ဘဏ်စာရင်းမှ ငွေကြေး အများအပြား ကို တရားမ၀င် ရယူသုံးစွဲခဲ့ သူများအား ဖမ်းဆီးထိန်းသိမ်း  MH-370 လေယာဉ်ပေါ်၌ လိုက်ပါသွားသည့် ခရီးသည် ၄ ဦး၏ ဘဏ်စာရင်းမှ ငွေကြေး အများအပြား ကို တရားမ၀င် ရယူသုံးစွဲခဲ့ သူများအား ဖမ်းဆီးထိန်းသိမ်း Reviewed by သစ်ထူးလွင် on 21:34 Rating: 5
Powered by Blogger.