ကျားပိုက်ထဲက မိကျောင်းအသေ

 ဖျာပုံ သြဂုတ် ၁၅

 ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့နယ်ခွဲ ဆိပ်မကျေးရွာ အုပ်စု ခါချဉ်ချောင်းအတွင်း ယင်းရွာနေ ဦးမောင်လှိုင် အသက် (၃၈)နှစ် ဘဲမွေးမြူသူ၏ ကျားပိုက်ဟောင်းများဖြင့် ဘဲခြံပြုလုပ်ကာရံထားသော ခြံအတွင်းသို့ အလျား ခုနစ်ပေ ရှစ်လက်မ၊ လုံးပတ် နှစ်ပေ ခြောက်လက်မ အသက် ခုနစ်နှစ်အရွယ်ခန့်ရှိ မိကျောင်းတစ်ကောင်က ဘဲအုပ်များကို ဝင်ရောက်စားရာ ယင်းမိကျောင်းမှာ ကျားပိုက်နှင့်လုံးထွေးရစ်ပတ်ပြီး သြဂုတ် ၃ ရက်ညနေ ၃ နာရီ မိနစ် ၂ဝ ခန့်တွင် ရုန်းကန်လှုပ်ရှားရင်း သေဆုံးသွားခဲ့ သည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily



ကျားပိုက်ထဲက မိကျောင်းအသေ   ကျားပိုက်ထဲက မိကျောင်းအသေ Reviewed by သစ်ထူးလွင် on 18:41 Rating: 5
Powered by Blogger.