လိုင်စင်မဲ့ဆိုင်ကယ် ဖမ်းမည့် အသေးစိတ်အချက် ထုတ်ပြန်

အစိုးရအဖွဲ့ဟာ တရားမ၀င် ခိုးသွင်းလာတဲ့ လိုင်စင်မဲ့ဆိုင်ကယ်တွေကို ဖမ်းဆီး အရေးယူတော့မယ့်ကိစ္စ အသေးစိတ်စည်းကမ်းတွေ ဒီကနေ့ ထုတ်ပြန်ပါတယ်။
 
လိုင်စင်မဲ့ဆိုင်ကယ်တွေ့ရင် ဖမ်းဆီးမှာ ဖြစ်ပြီး ဒေသပေါက်ဈေးရဲ့ ၅၀ ရာခိုင်နှုန်းထက် မနည်း ဒဏ်ရိုက်မှာ ဖြစ်ပါတယ်။

ဒဏ်ငွေဆောင်ပြီးရင် ဆိုင်ကယ်ကို ဒေသလိုင်စင်နဲ့ မှတ်ပုံတင်လုပ်ပေးမယ်လို့ ဆိုပါတယ်။

ဒဏ်ငွေ မဆောင်ရင်တော့ သိမ်းဆည်းပြီး လေလံပစ်မယ်၊ လေလံပစ် ရောင်းချတဲ့ ဆိုင်ကယ်တွေကိုလည်း ဒေသလိုင်စင်နဲ့ မှတ်ပုံတင်ပေးမယ်လို့ ဆိုပါတယ်။

အစိုးရဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလယ်ကနေ ဇူလိုင်လဆန်းအထိ တရာမ၀င် ခိုးသွင်း လာတဲ့ ဆိုင်ကယ် ၄ သိန်းခွဲကျော်ကို လိုင်စင်လုပ်ပေးခဲ့ပြီးပြီလို့ မြန်မာ့သတင်းစဉ်က ထုတ်ပြန်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/63461

ဆိုင်ကယ်လိုင်စင် ပြုလုပ်ပေးနေစဉ် 

လိုင်စင်မဲ့ဆိုင်ကယ် ဖမ်းမည့် အသေးစိတ်အချက် ထုတ်ပြန် လိုင်စင်မဲ့ဆိုင်ကယ် ဖမ်းမည့် အသေးစိတ်အချက် ထုတ်ပြန် Reviewed by သစ်ထူးလွင် on 17:50 Rating: 5
Powered by Blogger.