သံပြည်တောင်းမှ တစ်ဆင့် ဓါတ်လိုက်သေဆုံး

သြဂုတ်လ (၂၆)ရက်နေ့  ညနေ့ ၃ နာရီခန့် က ရန်ကုန်တိုင်း ဒေသကြီး၊ ဒလမြို့ နယ်၊ မြို့ မ(၄)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းတွင် လူတစ်ဦး ဓါတ်လိုက်သေဆုံး ခဲ့ကြောင်း သစ်ထူးလွင်ဝက်ဆိုဒ်  မှ သတင်းရရှိပါတယ်။

သေဆုံးသူမှာ ဒေါ်လှလှမြင့်၊ အသက်(၅၆)နှစ် မ-၆/၄၀၉၊ မင်းရဲကျော်စွာလမ်း၊ မြို့ မ(၄)ရပ်ကွက်၊ ဒလမြို့ နယ် နေသူဖြစ်ကြောင်း သိရပါတယ်။

သြဂုတ်လ (၂၆)ရက်နေ့ ညနေ(၂)နာရီခန့် က နေအိမ်ရှိ ကုန်စုံဈေးဆိုင်မှာ လျှပ်စစ်ရေနွေးအိုး တည်ထားစဉ် လျှပ်စစ်ရေနွေးအိုးသို့ လျှပ်စစ်စီးဝင်းပြီး ဘေးတွင် ထားရှိတဲ့ သံပြည်တောင်းမှ တစ်ဆင့် ဈေးဆိုင်တွင် ကာရံထားသော သံဇကာသို့ ဆက်လက်ပြီး လျှပ်စစ်စီးဝင်နေပါတယ်။

အဆိုပါ သံဇကာကို ဆုတ်ကိုင်ပြီး ဆိုင်ပေါ်လှမ်းအတက်မှာ ဓါတ်လိုက်သေဆုံးခြင်း ဖြစ်ကြောင်း သစ်ထူးလွင်ဝက်ဆိုဒ်မှ စုံစမ်းသိရပါတယ်။

BY THIT HTOO LWIN



သံပြည်တောင်းမှ တစ်ဆင့် ဓါတ်လိုက်သေဆုံး သံပြည်တောင်းမှ တစ်ဆင့် ဓါတ်လိုက်သေဆုံး Reviewed by သစ်ထူးလွင် on 10:14 Rating: 5
Powered by Blogger.