မြန်မာနိုင်ငံတွင် အာဟာရဖြည့်ဆည်းမှု အခြေအနေ ပြန်ဆန်းစစ်ရန်လိုဟု ပညာရှင်ပြော

 မြန်မာနိုင်ငံမှာ အာဟာရဖြည့်ဆည်းမှုတွေကို ဆယ်စုနှစ်ကျော်ကြာ ပြုလုပ်နေပေမယ့် ဟာကွက်တွေ ရှိနေတဲ့အတွက် ပြန်ဆန်းစစ်ဖို့ လိုတယ်လို့ အာဟာရပညာရှင် ဒေါက်တာ အေးသွင်က တိုက်တွန်းလိုက်ပါတယ်။ အာဟာရ မပြည့်ဝရင် တိုင်းပြည် မတိုးတက်ပဲ အာဟာရဖြည့်ဆည်းမှုအခြေအနေ ပြန်ဆန်းစစ်ဖို့ လိုတယ်လို့ သူက ဒီဗွီဘီကို ပြောကြားခဲ့တာပါ။

ကုလသမဂ္ဂ က ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်မှာ လူ ၈ ဦးမှာ တဦးက အစာရေစာ မလုံလောက်မှုရင်ဆိုင်နေရပြီး မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ တတိယမြောက် အာဟာရအချို့တဲ့မှုနှုန်း နိုင်ငံ ဖြစ်တယ်လို့ သိရပါတယ်။
အသက် ၅ နှစ်အောက် မြန်မာကလေးသူငယ် စုစုပေါင်းရဲ့ ၃ ပုံ ၁ ပုံက ခန္ဓာကိုယ် သေးကွေးပိန်လှီနေပြီးတော့ အဲဒီထဲက ၈ ရာခိုင်နှုန်းလောက်က အသက်အရွယ်နဲ့ မလိုက်အောင် စိုးရိမ်ဖွယ်ရှိလောက်အောင် ပိန်သေးနေတာ ဖြစ်ပါတယ်။

စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က စီမံကိန်းညှိနှိုင်းရေးမှူး ဒေါက်တာ ဥမ္မာခိုင်ကလည်း မြန်မာနိုင်ငံမှာ နို့တိုက်မိခင်နဲ့ ကလေးငယ်တွေကို အာဟာရ မြင့်တင်ပေးဖို့ အဓိက လိုနေပြီး တက္ကသိုလ်နဲ့ ကျောင်းတွေမှာ အာဟာရ ဓာတ်ပြည့်ဝရေး အခန်းကဏ္ဍတွေ သင်ကြားဖို့ လိုနေတယ်လို့ ပြောပါတယ်။

မြန်မာအစိုးရကတော့ လက်ရှိကာလမှာ စားနပ်ရိက္ခာဖူလုံပေမယ့် ၂၀၅၀ ခုနှစ်မှာ တိုးပွားလာမယ့် လူဦးရေ သန်း ၁၀၀ အတွက် ရေရှည်မျှော်မှန်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

By ထွန်းထွန်းသိန်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/62880

ဓာတ်ပုံ - Unicef Myanmar

မြန်မာနိုင်ငံတွင် အာဟာရဖြည့်ဆည်းမှု အခြေအနေ ပြန်ဆန်းစစ်ရန်လိုဟု ပညာရှင်ပြော  မြန်မာနိုင်ငံတွင် အာဟာရဖြည့်ဆည်းမှု အခြေအနေ ပြန်ဆန်းစစ်ရန်လိုဟု ပညာရှင်ပြော Reviewed by သစ်ထူးလွင် on 11:21 Rating: 5
Powered by Blogger.