ငွေကြေးခဝါချမှုစိစစ်ရာတွင် စက်မှုဇုန်မြေ ပိုင်ဆိုင်မှု ပြန်လည်သုံးသပ်ရန်လိုအပ်လာ

ရန်ကုန် သြဂုတ် ၂၄

ငွေကြေးခဝါချမှုများကို စိစစ်စစ်ဆေး ရာတွင် စက်မှုဇုန်မြေ ပိုင်ဆိုင်မှု များကိုလည်း ပြန်လည်သုံးသပ်ရန် လိုအပ်လာကြောင်း ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု၊ ငွေထောက်ပံ့မှု ဥပဒေ ဆွေးနွေး ပွဲတွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ အထွေထွေ အတွင်းရေး မှူး ဦးအေးလွင်ကပြောသည်။

''နေပြည်တော်မှာ စက်မှုဇုန်ဥပဒေဆိုင်ရာအစည်းအဝေးသွားတက်ရ ပါတယ်။ ငွေကြေးခဝါချမှုနဲ့ဆက်စပ်တဲ့ အချက်က စက်မှုဇုန်၊ မြေများ ပိုင်ဆိုင်မှုကိုလဲ ပြန်လည်သုံးသပ်ဖို့လိုတယ်ဆိုတဲ့အချက်တစ်ချက်ပါပါ တယ်'' ဟု ၄င်းကပြောသည်။

လက်ရှိတွင်မြေယာဂရန်ထုတ်ပေးခြင်းကို နီးစပ်ရာဝန်ကြီးဌာန အသီး သီးမှ ဂရန်ထုတ်ပေးနေခြင်းမှာ ပြည်တွင်းရှိ ငွေကြေးခဝါချသူများငွေကြေး ခဝါချရာတွင် စက်မှုဇုန်များ၌ ဆောင်ရွက်ရန် အခွင့်အရေးများ ရှိလာကြောင်း ၄င်းကပြောသည်။

တရားမဝင်နည်းဖြင့်ရရှိသောငွေကြေးများကို ငွေမည်းမှငွေဖြူသို့ ပြောင်းလဲနိုင်ရန် မြေယာ၊ အိမ်၊ တိုက်များ ဝယ်ယူခြင်း၊ ကျောက်မျက် ရတနာများဝယ်ယူခြင်း၊ ဘဏ်များနှင့် အခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တွင် ဝင်ရောက် အပ်နှံလုပ်ကိုင်ခြင်းအစရှိသော ငွေကြေးခဝါချမှုများကို ဆောင်ရွက်ကြသောကြောင့် ငွေကြေးခဝါချမှုများပပျောက်ရန် စိစစ်ကြပ် မတ်ရာတွင် အိမ်ခြံမြေအကျိုးဆောင်များ၊ ဘဏ်များနှင့်အခြားဝန်ဆောင် မှုလုပ်ငန်းများမှသတင်း ရယူဆောင်ရွက်သွားရမည်ဖြစ်ပြီး ပြည်တွင်း စက်မှုဇုန် မြေပိုင်ဆိုင်မှုများကိုလည်း ပြန်လည်သုံးသပ်ရန်လိုအပ်သည်။

လက်ရှိ ၂ဝ၁၄ခုနှစ်တွင် အသစ်ပြဋ္ဌာန်းထားသော ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ၌လည်း ငွေကြေးခဝါချမှု များကို စိစစ်ကြပ်မတ်နိုင် ရန် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအနေဖြင့် သတင်းပို့ ရန်တာဝန် ရှိသောအဖွဲ့အစည်းများ၊ ဝန်ထမ်းများ၊ အကျိုးဆောင်များ၊ ဘဏ် များမှ သတင်းပေးပို့ရမည်ဖြစ်ပြီး သတင်းပေးပို့ရန် ပျက်ကွက်ပါက ဥပဒေ အရ အရေးယူနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေး တပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူးရဲမှူးကြီးကျော်ဝင်းသိန်းက ပြောသည်။

ဖြူသင်းခိုင်
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764

အရှေ့ပိုင်း ဒဂုံ စက်မှုဇုံ ကိုတွေ့ရစဉ်။

ငွေကြေးခဝါချမှုစိစစ်ရာတွင် စက်မှုဇုန်မြေ ပိုင်ဆိုင်မှု ပြန်လည်သုံးသပ်ရန်လိုအပ်လာ ငွေကြေးခဝါချမှုစိစစ်ရာတွင် စက်မှုဇုန်မြေ ပိုင်ဆိုင်မှု ပြန်လည်သုံးသပ်ရန်လိုအပ်လာ Reviewed by သစ်ထူးလွင် on 14:11 Rating: 5
Powered by Blogger.