အရှိန်မထိန်းနိုင်သောဆိုင်ကယ်မှ တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိပြီး မျက်နှာချင်းဆိုင်မောင်းနှင် လာသော ယာဉ်နှင့်တိုက်မိသဖြင့် (၃)ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၂၅

၂၅.၈.၂၀၁၄ရက်နေ့ ၀၉၀၀အချိန် မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းအတိုင်း ထောက်ကြန့်ဘက်မှ ခရေပင်လမ်းဆုံဘက်သို့ မှော်ဘီမြို့နယ်နေ ကိုရဲကျော်သူ (၃၀)နှစ် စီးနင်းမောင်းနှင်ပြီး ၎င်း၏ဇနီး မဇင်မာဦး (၂၇)နှစ်နှင့် သမီးဖြစ်သူ မပန်းအိဖြူ (၂)နှစ်တို့ စီးနင်းလိုက်ပါလာသည့် NANBO-125 အနက်ရောင် ဆိုင်ကယ်သည် အမှတ် (၃၂၃)၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်းရှေ့အရောက် အရှိန် လွန်ကာ တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိပြီး မျက်နှာချင်းဆိုင်မှ ကိုလွင်လွင်မိုး မောင်းနှင်လာသော 8H---လိုက်ထရပ်ပစ်ကပ်ခဲရောင်ယာဉ်နှင့် တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်နှင့်ယာဉ်တို့ပျက်စီးခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ ကိုရဲကျော်သူတွင် ယာနားသွေထွက်၊ နဖူး၊ ဝဲ/ယာပါး၊ မေးစေ့တို့တွင် စုတ်ပြဲ ဒဏ်ရာများ၊ ဆိုင်ကယ်နောက်တွင်စီးနင်း လိုက်ပါလာသူများဖြစ်သည့် မဇင်မာဦးတွင် ယာနားသွေးထွက်၊ မေးစေ့၊ နဖူး၊ ယာနားထင်တို့တွင် စုတ်ပြဲဒဏ်ရာများနှင့် မပန်းအိဖြူတွင် ဦးခေါင်းနောက်စေ့ချိုင့်ဝင်စုတ်ပြဲ၊ နဖူး၊ နှာခါင်း၊ ယာပါး၊ ဝဲ/ယာလက်ဖျံတို့တွင်ပွန်းပဲ့ဒဏ်ရာများအသီးသီးရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြပါသည်။

ယင်းသို့ ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ ကိုရဲကျော်သူ(သေဆုံး)အား မင်္ဂလာဒုံမြို့မရဲစခန်းယာဉ် (ပ)၇၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၇၉ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


အရှိန်မထိန်းနိုင်သောဆိုင်ကယ်မှ တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိပြီး မျက်နှာချင်းဆိုင်မောင်းနှင် လာသော ယာဉ်နှင့်တိုက်မိသဖြင့် (၃)ဦးသေဆုံး အရှိန်မထိန်းနိုင်သောဆိုင်ကယ်မှ တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိပြီး မျက်နှာချင်းဆိုင်မောင်းနှင် လာသော ယာဉ်နှင့်တိုက်မိသဖြင့် (၃)ဦးသေဆုံး Reviewed by သစ်ထူးလွင် on 16:29 Rating: 5
Powered by Blogger.