ဓမ္မစေတီ ခေါင်းလောင်း ရှာတွေ့ကြောင်း ဆယ်ယူသူများ ပြောကြား ချက်ကြောင့် စိတ်ဝင်စားမှု မြင့်တက်လာသော်လည်း ဆယ်ယူမည့် နေ့ရက် မသေချာသေး

ရန်ကုန် သြဂုတ် ၂၇

ဓမ္မစေတီ ခေါင်းလောင်းကြီးကို ရှာဖွေတွေ့ရှိထားပြီး မကြာမီရက်အတွင်း ရေပေါ်သို့ ဆယ်ယူသွားရန်အတွက် စီစဉ်ထားကြောင်း ခေါင်းလောင်းကြီး ရှာဖွေရန် ကြိုးပမ်းလျက်ရှိသူ ဦးစံလင်းက သြဂုတ် ၂၆ ရက်မွန်းလွဲ ၂နာရီခွဲတွင် ပြောကြားခဲ့သဖြင့် ပြည်သူအများ စိတ်ဝင်စားမှု ပိုမိုမြင့်တက်လျက်ရှိ သော်လည်း ဆယ်ယူရန် နေ့ရက်ကို မသတ်မှတ်ရသေးကြောင်း အဆိုပါအဖွဲ့ မှ ပြောကြားသည်။

''ခေါင်းလောင်းကြီးကို တွေ့ရှိထားပြီးဖြစ်ပါတယ်'' ဟု ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေဆယ်ယူရေးလုပ်ငန်းမှ ဦးစံလင်းက သြဂုတ် ၂၆ ရက် ညနေ ၄နာရီတွင် ပြောကြားသည်။ သြဂုတ် ၂၅ ရက် ည ၁၂နာရီခန့်ကပင် ခေါင်းလောင်းကြီးတွေ့ရှိပြီဟူသည့်သတင်းများကြောင့် ပြည်သူများ သွား ရောက်လေ့လာမှု များပြားလျက်ရှိပြီးသြဂုတ် ၂၆ ရက် တစ်ရက်လုံးတွင် လာရောက်လေ့လာသူများ ပိုမိုမြင့်တက်လျက်ရှိပြီး သြဂုတ် ၂၇ ရက်တွင်လည်း ခေါင်းလောင်းကြီးဆယ်ယူမှုကို လာရောက်လေ့လာသူများ ဆက်လက် များပြားလျက်ရှိသည်။

''ကျွန်တော်ကတော့ ခေါင်းလောင်းကြီးရှိခဲ့တယ်ဆိုတာနဲ့ ခေါင်းလောင်း ကြီးရဲ့တန်ချိန်ကို ယုံကြည်ပါတယ်။ ဆရာဦးစံလင်းတို့တွေ့ရှိပြီလို့ပြောတာ ကိုတော့ သိပ်မယုံချင်ဘူး။ ဒါပေမယ့်လည်း ဒီတစ်ခေါက်ခေါင်းလောင်း ဆယ်ယူရေးမှာ ပြည်သူများရဲ့ ယုံကြည်ချက်နဲ့ စုပေါင်းအားပေးမှုတွေကြောင့် မဖြစ်နိုင်ဘူးလို့လည်း မပြောနိုင်ပါဘူး။ အကောင်းဆုံးကတော့ ပြန်လည် ဆယ်ယူနိုင်တာကို မြင်တွေ့လိုတဲ့အတွက်နေ့စဉ်လာရောက် ကြည့်ရှုပါတယ်''ဟု ကိုမင်းကျော်ခိုင် (သာကေတမြို့နယ်)က ပြောကြားသည်။

ခေါင်းလောင်းကြီးကို ဆယ်ယူခွင့်ရရှိရန် ကြိုးပမ်းခဲ့သူ ဆရာဦးစံလင်း ကမူ သြဂုတ် ၂၆ ရက်တွင် နောက်ဆုံးထားတွေ့ရှိရန် မူလကတည်းက မျှော်မှန်းထားခဲ့ပြီး ဆယ်ယူရေးလုပ်ငန်းများနှင့် ခေါင်းလောင်းအနေအထား အသေးစိတ်ကိုမူ ထုတ်ပြန်ပြောကြားခြင်း မရှိသေးပေ။ ယနေ့တွင်လည်း ခေါင်းလောင်းရှာဖွေမှုများ ပြုလုပ်ရာနေရာသို့ အနီးကပ်ကြည့်ရှုသူများအား အနားကပ်ခွင့်မပေးဘဲ ရေကြောင်းရဲများကတားမြစ်ထားသည်ကိုလည်း တွေ့ရှိရ သည်။ခေါင်းလောင်းဆယ်ယူမှုနှင့်ပတ်သက်၍ ပြည်သူများနှင့် ရှေးဟောင်းယဉ်ကျေးမှုပညာရှင်များအကြား ကွဲလွဲချက်များ ဖြစ်ပေါ်လျက်ရှိသော် လည်းဆယ်ယူရေးအဖွဲ့ကမူ တွေ့ရှိပြီဟု ပြောကြားလာခြင်းကြောင့် လာ ရောက်ကြည့်ရှုမှုနှုန်းမှာ ဆက်လက်မြင့်တက်နိုင်ပြီး ယင်းအဖွဲ့၏ပြောကြားချက်အရ သြဂုတ်လမကုန်မီ ပြန်လည်ဆယ်ယူနိုင်ရန်ရည်ရွယ်ထား ကြောင်း သိရသည်။

ခင်ရတနာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS


ဓမ္မစေတီ ခေါင်းလောင်း ရှာတွေ့ကြောင်း ဆယ်ယူသူများ ပြောကြား ချက်ကြောင့် စိတ်ဝင်စားမှု မြင့်တက်လာသော်လည်း ဆယ်ယူမည့် နေ့ရက် မသေချာသေး ဓမ္မစေတီ ခေါင်းလောင်း ရှာတွေ့ကြောင်း ဆယ်ယူသူများ ပြောကြား ချက်ကြောင့် စိတ်ဝင်စားမှု မြင့်တက်လာသော်လည်း ဆယ်ယူမည့် နေ့ရက် မသေချာသေး Reviewed by သစ်ထူးလွင် on 02:41 Rating: 5
Powered by Blogger.