ခြောက်ဘီးယာဉ်နှင့် မော်တော် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိ

မော်လမြိုင် သြဂုတ် ၂၆

ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့ကျိုက်ကျေးရွာ မြဝတီ-ရန်ကုန် ကားလမ်း (မော်လမြိုင်-ဘားအံ အဖြောင့်လမ်း) ခြောက်ဘီးကုန်တင် ယာဉ်နှင့်ဆိုင်ကယ်တို့ မျက်နှာချင်း ဆိုင်တိုက်မိမှုကြောင့် ဆိုင်ကယ် မောင်းသူသေဆုံးပြီး ဆိုင်ကယ် နောက်တွင် စီးနင်းလိုက်ပါလာသူ ဒဏ်ရာများရရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၂၄ ရက် မွန်းလွဲ ၂ နာရီ ၅၄ မိနစ်ခန့်က မြဝတီ မြို့မှ သစ်သီးဝလံများ တင်ဆောင် လာပြီး ယာဉ်မောင်း သိန်းထိုက် (၄၅နှစ်) အောင်နန်း ၃ လမ်း (၅) ရပ်ကွက် ဘားအံမြို့ မောင်းနှင်လာ သည့် နီဆန်းဒီဇယ်အမျိုးအစား ခြောက်ဘီးကုန်တင်ယာဉ် ၅န----သည် မြဝတီ-ဘားအံကားလမ်း (မော်လမြိုင်-ဘားအံ အဖြောင့်လမ်း) အတိုင်း ဘားအံဘက်သို့မောင်းနှင် လာစဉ် ဘားအံမြို့နယ် ကော့ကျိုက် ကျေးရွာ လမ်းခွဲအလွန် တံတား အမှတ်(၂/၇၂) အနီး အရောက်တွင် မျက်နှာချင်းဆိုင်ဘက်မှ ဘားအံမှ ကော့ကျိုက်ဘက်သို့ ဦးမောင်နီ မောင်းနှင်ပြီး ဆိုင်ကယ်နောက်တွင် ဂူးဂူး (ရဲဘော်ဈေး၊ ဘားအံမြို့)ဆို သူတို့ စီးနင်းလိုက်ပါလာသည့် ဝေ့ဖ် အယ်လ်ဖာအမျိုးအစား (ခဲနက်ရောင်) ၃၉ယ/---ဆိုင်ကယ်က တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိသွားကာ ကုန်တင်ယာဉ်နှင့် တိုက်မိသဖြင့် ဆိုင်ကယ်တွင်လိုက်ပါလာသူ နှစ်ဦး လုံး ဒဏ်ရာများရရှိသွားခဲ့သည်။

ဒဏ်ရာရရှိသူများအား ဘားအံမြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသ စဉ် ဆိုင်ကယ်မောင်းနှင်သူ ဦးမောင်နီ မှာ ရရှိဒဏ်ရာနှင့် သေဆုံးသွားခဲ့ သည်။

ယာဉ်တိုက်မှုကို ထုံးအိုင်နယ်မြေ ရဲစန်းက အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သိန်းလှိုင်(မော်လမြိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf


ခြောက်ဘီးယာဉ်နှင့် မော်တော် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိ ခြောက်ဘီးယာဉ်နှင့် မော်တော် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိ Reviewed by သစ်ထူးလွင် on 08:50 Rating: 5
Powered by Blogger.