အီဘိုလာ အတွက် သန်း ၁၀ဝ တန် စီမံကိန်း စတင်

 အနောက် အာဖရိကမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါဆိုးကြီးကို တိုက်ဖျက်ဖို့အတွက် ဒေါ်လာ သန်း ၁၀ဝ တန် စီမံကိန်း တခုကို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က စတင် အကောင်အထည် ဖော်နေပြီ ဖြစ်ပါတယ်။

ဂင်နီ၊ လိုင်ဘေးရီးယားနဲ့ ဆီရီယာ လေယွန်း နိုင်ငံတွေက သမ္မတတွေနဲ့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ညွှန်ကြားရေး မှူးချုပ် မာဂရက် ချန်း Margaret Chan တို့ ဂင်နီ နိုင်ငံမှာ တွေ့ဆုံနေ ကြပါတယ်။

အီဘိုလာ ရောဂါ ပြန့်ပွားတဲ့နှုန်းဟာ ထိန်းချုပ် ကာကွယ်နိုင်တဲ့ နှုန်းထက် ပိုမို မြန်ဆန်နေတယ်လို့ WHO ညွှန်ကြားရေး မှူးချုပ် မာဂရက် ချန်းက ပြောပါတယ်။

The Ebola outbreak in West Africa is spreading faster than efforts to control it , World Health Organization ( WHO ) head Margaret Chan has said .

ဖေဖော်ဝါရီ လကစပြီး ဒီနိုင်ငံ တွေမှာ အီဘိုလာ ရောဂါကြောင့် လူ ၇ဝဝ ကျော် သေဆုံး ခဲ့ရပြီ ဖြစ်ပါတယ်။

ဒီရောဂါကို အမြန် ထိန်းချုပ်နိုင်ဖို့ ဆေးဝါး ကျွမ်းကျင်သူတွေ ပိုပြီး လိုအပ်နေတယ်လို့လည်း WHO က ပြောကြား ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

http://www.bbc.co.uk/burmese/world/2014/08/140801_ebola_who_100_million.shtml

 လိုင်ဘေးရီးယားမှာ ကျောင်းတွေ ပိတ်ထား

အီဘိုလာ အတွက် သန်း ၁၀ဝ တန် စီမံကိန်း စတင်  အီဘိုလာ အတွက် သန်း ၁၀ဝ တန် စီမံကိန်း စတင် Reviewed by သစ်ထူးလွင် on 21:16 Rating: 5
Powered by Blogger.