ခရစ်ကက်ကစားသမားဟောင်း အခုပါကစ္စတန် အတိုက်အခံခေါင်းဆောင် Imran Khan ရဲ့ ပါတီက အမတ်နေရာအားလုံးကို ပါလီမန်က နုတ်ထွက်ပြီး ၀န်ကြီးချုပ် Nawaz Sharif ကို ဖိအားပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် သောကြာနေ့ ကတည်း ဆန္ဒပြလူအုပ်ကြီးဟာ မြို့တော် Islamabad ကို ရောက်ရှိနေ ခဲ့ကြပြီး သူတို့ကို ဦးဆောင် သွားမယ်လို့ Imran Khan ကဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်ရွေးကောက်ပွဲမှာ မဲမသမာမှုတွေနဲ့ အနိုင်ရခဲ့တဲ့ လက်ရှိ ၀န်ကြီးချုပ် ရာထူးကနေ မဖယ်ပေး မချင်း ဆက်လက် ဆန္ဒပြသွား မယ်လို့ ဆိုပါတယ်။
ပါကစ္စတန်ပါလီမန် နဲ့ အစိုးရ အဆောက်အဦးတွေ ရှိတဲ့ အဓိက နေရာတွေမှာ ရဲ နဲ့ လုံခြုံရေးတပ် ၃ သောင်းလောက် တပ်ချထားပြီး အဲဒီနေရာတွေကို ဆန္ဒပြသူတွေ မ၀င်နိုင်အောင် သင်္ဘောကွန်တင်နာ တွေ သံဆူးကြိုးတွေနဲ့ ကာရံထားပြီး အချိန်မရွေး ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်နိုင်တဲ့အတွက် ဒီအထူးနေရာတွေကို မ၀င်ရောက်ဖို့ အစိုးရက အတိုက်အခံခေါင်းဆောင်ကို အတန်တန် သတိပေးထားတယ်လို့ ABC တောင်အာရှ သတင်းထောက် Stephanie March က သတင်းပေးပို့ထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-08-19/1358314

အတိုက်အခံပါတီ ခေါင်းဆောင် Imran Khan က သူ့အား ထောက်ခံသူတွေကို မိန့်ခွန်းပြောနေစဉ် (Credit: AFP) |
ပါကစ္စတန် အတိုက်ခံပါတီ အမတ်အားလုံး ပါလီမန်ကနေ နုတ်ထွက်
Reviewed by သစ်ထူးလွင်
on
06:19
Rating: