ကျောက်မျက်လုပ်ငန်း ပိတ်ဆို့ခံရမှု စုံစမ်းအဖြေရှာဖို့ရှိ

မြန်မာနိုင်ငံအပေါ် အမေရိကန်က ကျောက်မျက်ရတနာ တင်းသွင်းခွင့် ပိတ်ထားတာနဲ့ ပတ်သက်ပြီး စုံစမ်း အဖြေရှာ သွားမယ်၊ ပိတ်ဆို့မှုတွေ ရုပ်သိမ်းသွားဖို့ ဆောင်ရွက်သွား မယ်လို့ မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌသစ် ဦးယုန်းမူက ပြောပါတယ်။

ဦးယုန်းမူဟာ မကြာခင် ရက်ပိုင်းကပဲ ဒီအသင်းရဲ့ ဥက္ကဌသစ်အဖြစ် ရွေးချယ်ခံရသူ ဖြစ်ပါတယ်။

သူ့အရင် ဥက္ကဌဟောင်း ဦးတေဇကတော့ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု ခံနေရပါတယ်။

အရင်ကတော့ တိုက်ရိုက် တာဝန်မရှိခဲ့ပေမယ့် အခုအခါ ဥက္ကဌတစ်ဦးအနေနဲ့ ဒီပိတ်ဆို့မှုတွေအပေါ် အသေးစိတ် ဆောင်ရွက်သွားမယ်လို့ ဦးယုန်းမူက ပြောပါတယ်။

ဒါ့အပြင် ကျောက်မျက်တွေကို ကုန်ကြမ်းအတိုင်း ပြည်ပကို မရောင်းချပဲ အချောထည်အနေနဲ့ ထုတ်လုပ်ရောင်းချနိုင်ဖို့ ဦးစားပေး ဆောင်ရွက်သွားမယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံဟာ နောက်ဆုံး ကျင်းပခဲ့တဲ့ ကျောက်မျက်ပြပွဲကနေ ဒေါ်လာ ၃ ဘီလျံ ကျော်ထိ စံချိန်တင် ရောင်းချနိုင်ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/08/140829_gems_uyonemu_sanction.shtml

အချောထည်အဖြစ် ထုတ်လုပ်ရောင်းချဖို့ ရည်မှန်း

ကျောက်မျက်လုပ်ငန်း ပိတ်ဆို့ခံရမှု စုံစမ်းအဖြေရှာဖို့ရှိ ကျောက်မျက်လုပ်ငန်း ပိတ်ဆို့ခံရမှု စုံစမ်းအဖြေရှာဖို့ရှိ Reviewed by သစ်ထူးလွင် on 07:52 Rating: 5
Powered by Blogger.