အင်တာနက်ဘဏ်ဝန်ဆောင်မှုစတင်ပြီ

 ရန်ကုန် သြဂုတ် ၆

  မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း များ တဖြည်းဖြည်း တိုးတက်ဖွံ့ဖြိုး လာသည်။ နိုင်ငံခြား ဘဏ်များလည်း မကြာမီ လာရောက် ဖွင့်လှစ် ရန်ရှိနေ သည်။ ဘဏ်လုပ်ငန်းများတွင် အိုင်တီ နည်းပညာ အသုံးပြုမှုများ ကျယ်ပြန့် လာလျက်ရှိရာ အင်တာနက်ဘဏ် ဝန်ဆောင်မှုကို CB ဘဏ်က စတင် လိုက်ပြီဖြစ်သည်။

''ပြည်သူတွေအနေနဲ့ ဘဏ်ကို လာရောက် စရာမလိုဘဲ ရိုးရှင်း လွယ်ကူစွာ အသုံးပြုလို့ရတဲ့ စနစ်နဲ့ မိမိမှာရှိတဲ့ အင်တာနက် အသုံးပြုလို့ ရတဲ့ မိုဘိုင်းဖုန်း၊ ကိုယ်ပိုင်သုံးကွန်ပျူ တာ၊ လက်တော့ပ်၊ စမတ်ဖုန်း၊Tablets ၊ စမတ် TV စတဲ့ ပစ္စည်းတွေ ကတစ်ဆင့် ငွေပို့ငွေလွှဲဈေးဝယ်တာ တွေကို အချိန်တိုအတွင်း လွယ်ကူစွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်'' ဟု CB ဘဏ်ဒုတိယဥက္ကဋ္ဌနှင့် အမှု ဆောင်အရာရှိချုပ် ဦးကျော်လင်းက သြဂုတ် ၆ ရက် မွန်းလွဲပိုင်းတွင်ပြုလုပ် သည့် မီဒီယာရှင်းလင်းပွဲ၌ ပြောသည်။

အင်တာနက်ဘဏ် ဝန်ဆောင်မှု (i Banking) ဆိုသည်မှာ အင်တာနက် မှတစ်ဆင့် အချိန်မရွေး၊ နေရာမရွေး လုံခြုံစိတ်ချစွာ ဘဏ်လုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်း ဖြစ်သည်။

Internet Banking (i Banking) ဝန်ဆောင်မှုကြောင့် အလုပ်မအားလပ် သူများ၊ ခရီးသွားနေရသူများ၊ အချိန် မပေးနိုင်သူများအတွက် အင်တာနက် အခြေခံထားသည့် ကွန်ပျူတာ၊မိုဘိုင်း ဖုန်းများအပြင် အခြား Electronic Device များတွင်ပါ အသုံးပြုနိုင် သည်။ တစ်ဖန် နောက်ဆုံးပေါ်နည်း ပညာကို အသုံးပြုထားသည့်အပြင် One Time Password (OTP) နှင့် သုံးစွဲစေမည်ဖြစ်ရာ လုံခြုံမှုအဆင့် မြင့်မားစွာဖြင့် စာရင်းပိုင်ရှင်ကို အပြည့်အဝ အကာအကွယ်ပေးထား သည်။

CB ဘဏ်တွင် ဘဏ်စာရင်းတစ်ခု ရှိရုံဖြင့်CB ဘဏ်ဝက်ဘ်ဆိုက်တွင်Username Password တို့ ရိုက်ထည့် ကာ မြန်မာလိုအကြောင်းအရာများဖြင့် လည်းငွေကြေးလုပ်ငန်းများ ဆောင်ရွက် နိုင်မည်ဖြစ်သည်။ အင်တာနက် ဘဏ်ဝန်ဆောင်မှုအနေဖြင့် ဘဏ် ခွဲအမည် လိပ်စာများ သိရှိနိုင်ခြင်း၊ ငွေလက်ကျန်စစ်ဆေးနိုင်ခြင်း၊ ငွေ လဲနှုန်းများ ကြည့်ရှုနိုင်ခြင်းတို့ကို သိရှိနိုင်မည်ဖြစ်သည်။

တစ်ဖန် မိမိကိုယ်ပိုင်စာရင်းမှ ငွေလွှဲပို့ခြင်း၊ ငွေလွှဲပြောင်းခြင်း၊ မိမိငွေပေးချေလိုသူ၏ အမည်နှင့် စာရင်းအမှတ်ကို မှတ်ပုံတင်ခြင်း စာရင်းလွှဲပြောင်းပေးချေခြင်း၊ ဈေး ဝယ်နိုင်ခြင်း၊ Bill ပေးဆောင်ခြင်း၊ ငွေဖြည့်မှုများဆောင်ရွက်ခြင်းတို့ကို လည်းရောက်ရှိသည့်နေရာ သို့မဟုတ် နေအိမ်မှာပင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ထို့အပြင် အင်တာနက်ဘဏ် ဝန်ဆောင်မှုဖြင့် ငွေပေးရန်ရပ်ဆိုင်း ခြင်း၊ ချက်လက်မှတ်စစ်ဆေးခြင်း၊ ချက်စာအုပ်အသစ်တောင်းဆိုခြင်း၊ ငွေပေးမိန့်များ ဆောင်ရွက်ခြင်း စသည့်ဘဏ်လုပ်ငန်းများကို ကိုယ် နှင့် အနီးဆုံးဘဏ်တစ်ခုအဖြစ် လုံ ခြုံမှု ပြည့်ဝစွာဆောင်ရွက်နိုင်တော့ မည်ဖြစ်သည်။

(မြန်မာ့အလင်း)
https://www.facebook.com/MYANMAALINNNEWS?fref=nf


အင်တာနက်ဘဏ်ဝန်ဆောင်မှုစတင်ပြီ   အင်တာနက်ဘဏ်ဝန်ဆောင်မှုစတင်ပြီ Reviewed by သစ်ထူးလွင် on 10:36 Rating: 5
Powered by Blogger.