ယူနတီသတင်းထောက်များ အပြီးသတ် လျှောက်လဲချက် ပေးမည်

အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်ဆီ ချမှတ်ခံထားရတဲ့ ယူနတီဂျာနယ်က အမှုဆောင် အရာရှိနဲ့ သတင်းထောက်တွေကို သြဂုတ် ၂၈ ရက်နေ့မှာ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ အပြီးသတ်လျှောက်လဲချက်ပေးရမှာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတကြီးက သတင်းသမားတွေကို အတတ်နိုင်ဆုံး အကူအညီပေးမယ်ဆိုတဲ့ စကားကို မိတ္တူနဲ့တကွ ကိုးကားတင်ပြသွားမယ်လို့ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးကျော်လင်းက ဒီဗွီဘီကို ပြောပါတယ်။

ဇန်န၀ါရီလ ၂၅ ရက်နေ့ထုတ် ယူနတီ သတင်းဂျာနယ်မှာ မကွေးခရိုင် ပေါက်မြို့နယ်က လျှို့ဝှက်ဓာတုလက်နက်စက်ရုံဆိုတဲ့ ဆောင်းပါးကို ဖော်ပြခဲ့ပါတယ်။ ဒီဆောင်းပါးကြောင့် သတင်းသမားတွေကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ (၁) (က)/ ၉ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ကျခံဖို့ ပခုက္ကူခရိုင်တရားရုံးက ဇူလိုင်လဆန်း ၁၀ ရက်နေ့က အမိန့်ချမှတ်ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/63439


ယူနတီသတင်းထောက်များ အပြီးသတ် လျှောက်လဲချက် ပေးမည် ယူနတီသတင်းထောက်များ အပြီးသတ် လျှောက်လဲချက် ပေးမည် Reviewed by သစ်ထူးလွင် on 12:43 Rating: 5
Powered by Blogger.