67P ကြယ်တံခွန်ပေါ်ကို အာကာသယာဉ် ဆင်းသက်နိုင်ဖို့ နီးကပ်လာ

  အကျယ်အ၀န်း ​အားဖြင့် ​ငါးကီလိုမီတာ ​နီးပါးလောက်ရှိတဲ့ ​ကြယ်တံခွန်တစ်ခုပေါ်ကို ​အာကာသယာဉ် ​ဆင်းသက်ဖို့ ​နှစ်ပေါင်းများစွာ ​ကြိုးပမ်းခဲ့ရာက ​အခုအခါမှာ ​ဆင်းသက်နိုင်ဖို့ ​နောက်ဆုံး ​အဆင့် ​ရောက်ရှိနေပြီ ​ဖြစ်ပါတယ်။

Rosetta ​အာကာသ ​ယာဉ်ဟာ ​လွန်ခဲ့တဲ့ ​၁၀ ​နှစ်လောက် ​ကတည်းက ​ကမ္ဘာမြေပြင်ကနေ ​ကီလိုမီတာ ​၆ ​ဘီလီယံ ​ခရီးနှင်ခဲ့ရာက ​အခုအခါမှာ ​67P ​လို့ ​နာမည်ပေးထားတဲ့ ​ကြယ်တံခွန်နဲ့ ​ကီလိုမီတာ ​တစ်ရာအနီးမှာ ​ရောက်ရှိနေတဲ့ ​အတွက် ​နိုဝင်ဘာလကျရင် ​ကြယ်တံခွန်ပေါ် ​ဆင်းသက်နိုင် ​မယ်လို့ ​မျှော်လင့်နေကြပါတယ်။

ကမ္ဘာကြီး ​ဘယ်လို ​ဖြစ်လာသလဲ၊ ​ကမ္ဘာကြီးတည်ရှိတဲ့ ​နေစင်္ကြာဝဠာက ​ဘယ်လို ​ဖြစ်လာသလဲ၊ ​လူသားနေထိုင်တဲ့ ​ကမ္ဘာမြေကြီးပေါ်မှာ ​ဘာကြောင့် ​ရေတွေ ​ရှိနေတာလဲ ​ဆိုတာတွေကို ​သိရှိဖို့အတွက် ​ကြယ်တံခွန်ပေါ် ​ရောက်နိုင်အောင် ​လုပ်ဆောင်ကြတာ ​ဖြစ်ပါတယ်။

အခုလောလောဆယ် ​Rosetta ​ယာဉ်ဟာ ​ကမ္ဘာနဲ့ ​ကီလိုမီတာ ​၄ ​သန်းအကွာမှာ ​တည်ရှိနေပါတယ်။

ကမ္ဘာရဲ့ ​ဆွဲငင်အားနဲ့ ​အင်္ဂါဂြိုလ်ရဲ့ ​ဆွဲငင်အားတွေကို ​အသုံးပြုပြီး ​လောက်လေးဂွ ​ပစ်လိုက်သလို ​အဲဒီယာဉ်ကို ​ကြယ်တံခွန်ဆီ ​ပစ်လွတ်ခဲ့ကြတာ ​ဖြစ်ပါတယ်။

အဲဒီယာဉ်ကို ​ဥရောပ ​အာကာသ ​အဖွဲ့က ​ဦးစီးလွှတ်တင် ​တာဖြစ်ပြီး ​သြစတြေးလျ ​နိုင်ငံက ​အင်ဂျင်နီယာ ​တွေလည်း ​အာကာသယာဉ် ​တည်ဆောက်ရေးမှာ ​ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် ​သြစတြေးလျ ​နိုင်ငံ ​ပတ်သ်မြို့က ​ဆက်တလိုက် ​ကနေလည်း ​ဆက်သွယ်ရေး ​စနစ်တွေ ​ကောင်းမွန်အောင် ​လုပ်ဆောင်ပေးနေ ​တဲ့အတွက် ​ကြယ်တံခွန်ပေါ် ​ဆင်းသက်မယ့် ​စီမံကိန်းမှာ ​သြစတြေးလျရဲ့ ​ပါဝင်မှုကလည်း ​မနည်းတဲ့ ​အကြောင်း ​ပြောဆိုနေကြပါတယ်။

By science reporter Jake Sturmer and wires
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-08-07/1353658

အသစ် ထည်ထွင် ပြုလုပ်ထားတဲ့ Norcia လို့ခေါ်တဲ့ ဂြိုလ်တုစလောင်း (Credit: ABC) 

67P ကြယ်တံခွန်ပေါ်ကို အာကာသယာဉ် ဆင်းသက်နိုင်ဖို့ နီးကပ်လာ   67P ကြယ်တံခွန်ပေါ်ကို အာကာသယာဉ် ဆင်းသက်နိုင်ဖို့ နီးကပ်လာ Reviewed by သစ်ထူးလွင် on 09:15 Rating: 5
Powered by Blogger.